ခြေချင်းဝတ်အရိုးကျိုးဒဏ်ရာ ခွဲစိတ်ကုသမှုအောင်မြင်ခဲ့သည့် ကွင်းလယ်လူ အန်ဒရေဂိုးမက်စ်အနေဖြင့် ယခုရာသီမကုန်မီ ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗားက ထုတ်ဖော်ပြောကြားသည်။
ခြေချင်းဝတ်အရိုးကျိုးဒဏ်ရာ ခွဲစိတ်ကုသမှုအောင်မြင်ခဲ့သည့် ကွင်းလယ်လူ အန်ဒရေဂိုးမက်စ်အနေဖြင့် ယခုရာသီမကုန်မီ ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗားက ထုတ်ဖော်ပြောကြားသည်။
ပေါ်တူဂီလက်ရွေးစင်ကစားသမား အန်ဒရေဂိုးမက်စ် (၂၆ နှစ်) သည် နိုဝင်ဘာ (၃) ရက်က စပါးအသင်းနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမား ဆွန်ဟောင်မင်၏ ဖျက်ထုတ်မှုကြောင့် ယာဘက်ခြေချင်းဝတ် အရိုးကျိုးဒဏ်ရာရရှိခဲ့
ခြင်း ဖြစ်သည်။
ယင်းဒဏ်ရာကို နိုဝင်ဘာ (၄) ရက်က ခွဲစိတ်ကုသမှုပြုလုပ်ရာ အောင်မြင်မှုရရှိ ခဲ့ပြီး ၎င်းအနေဖြင့် နှစ်နှင့်ချီ၍ အနားယူရဖွယ်ရှိကြောင်း ခန့်မှန်းသတင်းများထွက်ပေါ်နေသော်လည်း မာကိုဆေးလ်ဗားက ရာသီမကုန်မီ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သုံးသပ်ပြောကြားသည်။
မာကိုဆေးလ်ဗားက "သူပြန်ကစားနိုင်မယ့်နေ့ကို အတိအကျပြောဖို့ဆိုတာ မလွယ်ပါဘူး။ ကျွန် တော်တို့အသင်း ဆေးအဖွဲ့ဆီကရရှိထားတဲ့ မှတ်ချက်အရတော့ ဒီရာသီမှာ အန်ဒရေ(ဂိုးမက်စ်) ပြန်ကစားနိုင်ဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ (၁ဝဝ) ရာခိုင်နှုန်း မသေချာပေမယ့် ဖြစ်နိုင်ခြေတော့ ရှိပါတယ်။ သူက ကြံ့ခိုင်တဲ့သူတစ်ယောက်ဖြစ်ပြီး အဲဒီစိတ်ဓာတ်ကို ဆက်ထိန်းထားနိုင်မယ်ဆို တာ သေချာပါတယ်။ သူက ပိုကောင်းတဲ့ ကစားသမားတစ်ယောက်အဖြစ် ပြန်လာနိုင်မှာပါ" ဟု ဆိုခဲ့သည်။
အန်ဒရေဂိုးမက်စ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့သည့် ဆွန်ဟောင်မင်မှာမူ အနီကတ်ပြစ်ဒဏ်အတွက် အယူခံဝင်ရာ ရည်ရွယ်ချက်မရှိကြောင်း ထင်ရှားသဖြင့် ပြစ်ဒဏ်ပယ်ဖျက်ခံရပြီး ပြန်လည်ကစားခွင့်ရမည်ဖြစ်သည်။