ချာကာအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်း ရောင်းထုတ်ရန် အာဆင်နယ်အသင်း စီစဉ်

ချာကာအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်း ရောင်းထုတ်ရန် အာဆင်နယ်အသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 8 November 2019

အာဆင်နယ်အသင်းသည် အသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ရောင်းထုတ်ရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

အာဆင်နယ်အသင်းသည် အသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာအား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ရောင်းထုတ်ရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ ချာကာသည် အောက်တိုဘာလ (၂၇)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ် (၂-၂) ခရစ္စတယ်ပဲလေ့စ်ပွဲတွင် လူစားလဲခံရပြီးနောက် အသင်းပရိသတ်များနှင့် ပြဿနာဖြစ်ပွားခဲ့ပြီးနောက် အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ထို့ပြင် ချာကာသည် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ပွဲပြီးနောက် ကစားခဲ့သည့် အာဆင်နယ်အသင်း၏ ပွဲစဉ် (၃)ပွဲတွင် အသင်းလူစာရင်း၌ပင် ပါဝင်ခွင့်မရခဲ့ပေ။ ထို့ပြင် အာဆင်နယ်အသင်းပရိသတ်များသည် ၎င်းတို့နှင့် ပြဿနာဖြစ်ပွားခဲ့သည့် ချာကာကို အသင်းတွင် ဆက်လက်မြင်တွေ့လိုခြင်းမရှိတော့ဘဲ ရောင်းချရန် တောင်းဆိုခဲ့ကြကြောင်းလည်း သိရသည်။

ထို့ကြောင့် အာဆင်နယ်အသင်းသည် ချာကာကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ရောင်းချရန် စီစဉ်လာခြင်းဖြစ်ပြီး ၎င်းကို ဂျာမန်ကလပ်များက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာသည် ၂၀၁၆ ခုနှစ်တွင် မိုချန်ဂလာဘတ်အသင်းမှ အာဆင်နယ်အသင်းသို့ ပေါင်သန်း (၃၀) ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၄၃)ပွဲတွင် (၁၁)ဂိုး သွင်းယူပေးခဲ့သည်။