နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေ ကျပ် ၄၃၂၂၆ ဘီလျံကျော်ရှိပြီး ယခင်သုံးလနှင့်နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များ၌ အပ်ငွေရရှိမှု ကျပ် ၂၃၆ ဘီလျံ၊ ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေရရှိမှု ကျပ်ဘီလျံ ၅၄၀ မြင့်တက်

နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေ ကျပ် ၄၃၂၂၆ ဘီလျံကျော်ရှိပြီး ယခင်သုံးလနှင့်နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များ၌ အပ်ငွေရရှိမှု ကျပ် ၂၃၆ ဘီလျံ၊ ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေရရှိမှု ကျပ်ဘီလျံ ၅၄၀ မြင့်တက်
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-စည်သူအောင်)
Published 5 November 2019
စည်သူအောင်

၂၀၁၉ ခုနှစ် မတ်လ၌ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေကျပ် ၄၃၂၂၆ ဘီလျံကျော်ရှိပြီး ယခင်သုံးလနှင့် နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေရရှိမှု ကျပ် ၂၃၆ ဘီလျံ၊ ပုဂ္ဂလိကဘဏ် များတွင် အပ်ငွေရရှိမှု ကျပ်ဘီလျံ ၅၄၀ မြင့် တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2019 Volume I) အရ သိရသည်။

၂၀၁၈ ခုနှစ် မတ်လအထိ ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေ ကျပ် ၃၂၃၄၇ ဘီလျံ ရှိသည့်အနက် Deposit of Financial Institutions တွင် ကျပ် ၃၇၆ ဒသမ ၅၉၉ ဘီလျံရှိပြီး Deposit by NFIs and Other Clients တွင် ကျပ် ၃၁၉၇၁ ဒသမ ၁၁၅ ဘီ လျံရှိခြင်းဖြစ်သည်။ Deposit of Financial Institutions ၌ Demand Deposit of Banks တွင် ကျပ် ၁၁၉ ဒသမ ၃၁၆ ဘီလျံ၊ Time Deposit of Banks တွင် ကျပ် ၂၅၄ ဒသမ ၇၇၃ ဘီလျံ၊ Deposit of OFIs တွင် ကျပ် ၂ ဒသမ ၅၁၀ ဘီလျံအပ်နှံထားသည်။ Deposit by NFIs and Other Clients  ၌ Demand Deposit တွင် ကျပ် ၂၈၈၂ ဒသမ ၇၈၈ ဘီလျံ၊  Time Deposit တွင် ကျပ် ၁၀၂၇၈ ဒသမ ၉၀၂ ဘီလျံ၊ Savings Deposits တွင် ကျပ် ၁၈၈၀၉ ဒသမ ၄၂၄ ဘီလျံအပ်နှံထားခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်လအထိ နိုင်ငံပိုင် ဘဏ်များတွင် အပ်ငွေ ကျပ် ၁၀၈၇၈ ဘီလျံ အနက်  Deposit of Financial Institutions တွင် ကျပ် ၂၂၄၄ ဒသမ ၁၉၈ ဘီလျံရှိပြီး Deposit by NFIS and Other Clients တွင် ကျပ် ၈၆၃၄ ဒသမ ၄၂၅ ဘီလျံရှိခြင်းဖြစ် သည်။ Deposit of Financial Institutions ၌ Demand Deposit of Banks တွင် ကျပ် ၂၂၄၄ ဒသမ ၁၉၈ ဘီလျံ အပ်နှံထားသည်။ Deposit by NFIs and Other Clients ၌ Demand Deposit တွင် ကျပ် ၃၀၂၇ ဒသမ ၂၈၅ ဘီလျံ၊  ဘီလျံ၊  Time Deposit တွင် ကျပ် ၅၉၈ ဒသမ ၅၁၈ ဘီလျံ၊ Savings Deposits တွင် ကျပ် ၅၀၀၈ ဒသမ ၆၂၁ ဘီလျံအပ်နှံ ထားခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လမှ ၂၀၁၈ ခုနှစ် ဒီဇင် ဘာလအထိ ပုဂ္ဂလိကဘဏ်များတွင် အပ်နှံ ထားသည့် အပ်ငွေပမာဏများမှာ ၂၀၁၇ ခု နှစ် မတ်တွင် ကျပ် ၂၃၃၂၄ ဒသမ ၃၈၆ ဘီ လျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၂၄၈၁၇ ဒသမ ၅၆၉ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၂၆၅၆၀ ဒသမ ၈၂၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၂၇၃၆၀ ဒသမ ၈၆၉ ဘီ လျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၂၈၅၉၈  ဒသမ ၈၃၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၂၉၆၀၆ ဒသမ ၉၄၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက် တင်ဘာတွင် ကျပ် ၃၁၁၂၉ ဒသမ ၈၄၆ ဘီ လျံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၃၁၈၀၇ ဒသမ ၅၁၂ ဘီလျံ၊ ၂၀၁၉ ခုနှစ် မတ်တွင် ကျပ် ၃၂၃၄၇ ဒသမ ၇၁၅ ဘီလျံ တို့ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လမှ ၂၀၁၈ ခုနှစ် ဒီဇင် ဘာအထိ နိုင်ငံပိုင်ဘဏ်များတွင် အပ်နှံထား သည့် အပ်ငွေပမာဏများမှာ ၂၀၁၇ ခုနှစ် မတ်လတွင် ကျပ် ၉၉၇၉ ဒသမ ၃၄၅ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၀၄၅၁ ဒသမ ၄၂၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ကျပ် ၁၀၆၅၂ ဒသမ ၈၈၁ ဘီလျံ၊ ၂၀၁၇ ခု နှစ်  ဒီဇင်ဘာတွင် ကျပ် ၁၀၆၉၁ ဒသမ  ၈၁၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်လတွင် ကျပ် ၁၁၄၃၆ ဒသမ ၄၉၅ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်လတွင် ကျပ်  ၁၀၀၄၀ ဒသမ ၈၀၇ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက် တင်ဘာတွင် ကျပ် ၁၀၅၁၃ ဒသမ ၉၀၁ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၁၀၆၄၁ ဒသမ ၇၀၂ ဘီလျံ၊ ၂၀၁၉ ခုနှစ် မတ် လတွင် ၁၀၈၇၈ ဒသမ ၆၂၄ ဘီလျံတို့ဖြစ် သည်။

၂၀၁၈ ခုနှစ် မတ်လနှင့် ၂၀၁၉ ခုနှစ် မတ်လတွင် ရှိသောအပ်ငွေစုစုပေါင်းကို နှိုင်း ယှဉ်ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေ ကျပ် ၅၅၇ ဒသမ ၈၇၁ ဘီလျံလျော့ကျခဲ့ပြီး ပုဂ္ဂလိကဘဏ်များတွင် ကျပ် ၃၇၄၈ ဒသမ ၈၈၁ ဘီလျံမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ်လေးဘဏ်၊ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်၊ နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံး ၄၅ ခုဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် ပုဂ္ဂလိကဘဏ်ခွဲပေါင်း  ၁၈၀၀ ကျော်ဖွင့်လှစ်ပြီးဖြစ်သည်။

 

 

Most Read

Most Recent