ဝက်ဖို့ဒ်အသင်းအား လျှော့မတွက်ရန် ချယ်လ်ဆီးကစားသမားများကို လမ်းပတ် သတိပေး

ဝက်ဖို့ဒ်အသင်းအား လျှော့မတွက်ရန် ချယ်လ်ဆီးကစားသမားများကို လမ်းပတ် သတိပေး
Photo: Getty Images
Photo: Getty Images
Published 2 November 2019

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ဝက်ဖို့ဒ်အသင်းအား လျှော့မတွက်ကြရန် အသင်းသားများကို သတိပေးပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ဝက်ဖို့ဒ်အသင်းအား လျှော့မတွက်ကြရန် အသင်းသားများကို သတိပေးပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)အဖြစ် ယနေ့(စနေနေ့)တွင် ဝက်ဖို့ဒ်အသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

ချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်၌ (၄)ပွဲဆက်အနိုင်ရထားကာ ရမှတ် (၂၀)ဖြင့် အဆင့်(၄)နေရာ၌ ရပ်တည်နေသော်လည်း ဝက်ဖို့ဒ်အသင်းမှာမူ နိုင်ပွဲ လုံးဝမရသေးဘဲ ရမှတ် (၅)မှတ်ဖြင့် အမှတ်ပေးဇယားအောက်ဆုံး အဆင့် (၂၀)နေရာ၌ ရပ်တည်လျက်ရှိသည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့် အဝေးကွင်းတွင် ကစားရမည်ဖြစ်သော်လည်း ဝက်ဖို့ဒ်အသင်းကို အလွယ်တကူပင် အနိုင်ရမည်ဟု မီဒီယာများက သုံးသပ်နေကြသည်။ 

သို့သော် လမ်းပတ်က ပြိုင်ဘက်အသင်းကို လျှော့တွက်ပါက ခံစားသွားရနိုင်ကြောင်း ပြောကြားခဲ့သည်။ လမ်းပတ်က "ယုံကြည်မှုလွန်ကဲသွားပြီးဆိုရင် အန္တရာယ်များပါတယ်။ ဝက်ဖို့ဒ်အသင်းမှာ ဒီရာသီမှာ ရုန်းကန်နေရပေမယ့် သူတို့ဟာ ပြီးခဲ့တဲ့ရာသီကအတိုင်း ရှိနေဆဲပါပဲ။ ဒီလိုပွဲမျိုးမှာ ပြိုင်ဘက်အသင်းကို လျှော့တွက်ရင် ခံစားသွားရနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် လမ်းပတ်က ဝက်ဖို့ဒ်ကစားမည့်ပွဲတွင် ဒဏ်ရာပြန်လည်သက်သာလာသည့် အသင်းနောက်ခံလူ ရူဒီဂါအနေဖြင့် ကစားရန်အသင့်မဖြစ်သေးကြောင်းနှင့် အသင်းကွင်းလယ်လူ ကွန်တေမှာလည်း မပါဝင်နိုင်ဦးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

 

Most Read

Most Recent