ပါးမား နှင့် ဗီရိုနာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ဝဝး၃၀ နာရီ)
နောက်ဆုံး (၅)ပွဲမှာ (၃)ပွဲနိုင်၊ (၁)ပွဲသရေကစားပြီး ရှုံးပွဲတစ်ပွဲသာရှိတဲ့အထိ ပါးမားအစွမ်းပြနေတယ်။ တိုက်စစ်က ဂိုးတွေသွင်းနေနိုင်သလို၊ အိမ်ကွင်း(၃)ပွဲဆက်လည်း အနိုင်ရထားလို့ တန်းဆင်းဇုန်ပတ်ဝန်းကျင်က ဗီရိုနာကို အနိုင်ရပါဦးမယ်။ ပါးမား (၂)ဂိုးပြတ်နိုင်မယ်ထင်တယ်။
ဘရက်စီယာ နှင့် အင်တာမီလန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၃၀ နာရီ)
အခွင့်အရေးတွေ ဖြုန်းတီးလေ့ရှိတယ်။ ခံစစ်က ဂိုးတွေခပ်လွယ်လွယ်ပေးလာရတယ်။ အင်တာမီလန်ရဲ့ ချန်ပီယံမျှော်လင့်ချက်ကို အဲဒီအကြောင်းအရာနှစ်ခုက ဆွဲချနေတယ်။ ဘရက်စီယာက တန်းဆင်းဇုန်ထဲရောက်နေတယ်။ အိမ်ကွင်းမှာလည်း နိုင်ပွဲမရသေးဘူး။ ဒါပေမဲ့ အသင်းကြီးတွေနဲ့ဆိုရင် သူတို့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်က ပိုပြီးပြင်းထန်နေတတ်တယ်။ အဝေးကွင်း ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ အင်တာမီလန် အလွန်ဆုံးကပ်နိုင်ရုံပါပဲ။