လာလီဂါပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက်
Published 29 October 2019

အလာဗတ်စ် နှင့် အက်သလက်တီကို (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ဝဝး၃၀ နာရီ)

အလာဗတ်စ်ဟာ အိမ်ကွင်းမှာ ဆီဗီလာတစ်သင်းတည်းကို အရေးနိမ့်ထားပြီး ကျန်တဲ့ပွဲတွေအားလုံးကို မရှုံးခဲ့တဲ့အပြင် ဂိုးလည်းမပေးခဲ့ရဘူး။ နောက်ဆုံးကစားထားတဲ့ အိမ်ကွင်း (၂)ပွဲဆက်လည်း နိုင်ပွဲရထားတာတွေ့ရလို့ အလာဗတ်စ်ရဲ့အိမ်ကွင်းအားက အက်သလက်တီကိုကို ကောင်းကောင်းဒုက္ခပေးဖို့ရှိနေတယ်။ လက်ရှိခြေစွမ်းအရလည်း အက်သလက်တီကို အသာရဖို့ခက်ပါလိမ့်မယ်။ အလာဗတ်စ်နဲ့ ဂိုးအနည်းပဲကောင်းမယ်။

ဘာစီလိုနာ နှင့် ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၀ ရက် နံနက် ၂း၄၅ နာရီ)

ဘာစီလိုနာကတော့ ကစားပုံအကောင်းကြီးမဟုတ်ပေမယ့် နိုင်ပွဲတွေတော့ ရအောင်ပြန်ယူလာနိုင်တာ တွေ့ရတယ်။ ဒါပေမဲ့ ဗယ်လာဒိုလစ်ကလည်း အခုနောက်ပိုင်း ခံစစ်ကစားပုံကောင်းနေပြီး အမှတ်ရအောင်ရှာနိုင်လို့ ဘာစီလိုနာအိမ်ကွင်းဆိုပေမယ့် ကစားရခက်တဲ့ ပြိုင်ဘက်မျိုးဖြစ်လာနိုင်တယ်။ ဒီပွဲကတော့ ဘာစီလိုနာတိုက်စစ်ခြေစွမ်း ဆက်ပြနိုင်၊ မပြနိုင်ဘဲအဓိက စောင့်ကြည့်ရပါမယ်။ ဘာစီလိုနာနဲ့ ဂိုးအနည်းပဲထင်တယ်။

Most Read

Most Recent