မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကွင်းတွင်းလမ်းကြမ်း ဆိုင်ကယ်စီးပြိုင်ပွဲ Myanmar Motocross 2019 ကို အောက်တိုဘာ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်ဟု Mandalay Free Rider အဖွဲ့ထံမှ သိရသည်။
Mandalay Free Rider မှဦးစီး၍ လူငယ်များ ယာဉ်န္တရာယ် ကင်းရှင်းစွာ မောင်းနှင်ရေးနှင့် ကွင်းတွင်းလမ်းကြမ်း ဆိုင်ကယ်စီးပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက် နှင့် ၂၇ ရက် နံနက် ၉ နာရီမှ စတင်ပြီး မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အပန်းဖြေစခန်းအနီးရှိ 11Mile MX Bike Park နေရာ၌ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် MMX-A (Senior) 231cc နှင့် 231cc အထက် (Pro)-အတန်း lMMX-A (Junior) 231cc နှင့် 231cc အထက် (Pro) အတန်း ပြိုင်ပွဲဝင်များက ကွင်း ၁၀ ပတ် lMMX-B(Senior) နှင့် (Junior)125cc မှ 230cc အထိ (Master) အတန်းပြိုင်ပွဲဝင်များက ကွင်း ၇ ပတ်နှင့် MMX-C110cc မှ 125cc (Beginner) အတန်း ပြိုင်ပွဲဝင်များက ကွင်း ၅ ပတ်စီးနင်း ပြိုင်ပွဲဝင်ကြကြောင်း သိရသည်။
ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်သည့်အတွက် နိုင်ငံတကာ ပြ်ိုင်ပွဲများကဲ့သို့ သတ်မှတ်စည်းကမ်းများကို အပြည့်အဝ အသုံးမပြုဘဲ ကွင်းပတ်အရေအတွက်များဖြင့် ယှဉ်ပြိုင်စေခဲ့ကြောင်း သိရပါသည်။