သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံးရလဒ်စံချိန်လိုက်မီခဲ့သည့် လက်စတာအသင်းမန်နေဂျာဖြစ်ခွင့်ရခြင်းအတွက် ဂုဏ်ယူမိကြောင်း ဘရန်ဒန်ရော်ဂျာ ပြောကြား

သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံးရလဒ်စံချိန်လိုက်မီခဲ့သည့် လက်စတာအသင်းမန်နေဂျာဖြစ်ခွင့်ရခြင်းအတွက် ဂုဏ်ယူမိကြောင်း ဘရန်ဒန်ရော်ဂျာ ပြောကြား
Photo: AFP,Getty Images
Photo: AFP,Getty Images
Published 27 October 2019

ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) ၏ ပထမဆုံး ပွဲအဖြစ် အောက်တိုဘာ ၂၅ ရက် ညပိုင်းက ဆောက်သမ်တန်နှင့် လက်စတာအသင်းတို့ ယှဉ်ပြိုင်ကစားရာ လက်စတာအသင်းက တစ်ယောက်လျော့ ဆောက်သမ်တန်အသင်း ကို ကိုးဂိုးပြတ်အနိုင်ရပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံးရလဒ်စံချိန်ကို အမီလိုက်နိုင်ခဲ့သည်။ ပထမပိုင်းမှာပင်လက်စတာအသင်းက ငါးဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းတွင်လည်း လေးဂိုးထပ်မံ သွင်းယူ ခဲ့သောကြောင့် (၉-၀) ဂိုး ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံးရလဒ်စံချိန်ကို အမီလိုက်နိုင်ခဲ့သည့်အသင်း၏ မန်နေဂျာဖြစ်ခွင့်ရခြင်းအတွက် အလွန်ဂုဏ်ယူမိကြောင်း ပြော ကြားခဲ့သည်။

ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) ၏ ပထမဆုံး ပွဲအဖြစ် အောက်တိုဘာ ၂၅ ရက် ညပိုင်းက ဆောက်သမ်တန်နှင့် လက်စတာအသင်းတို့ ယှဉ်ပြိုင်ကစားရာ လက်စတာအသင်းက တစ်ယောက်လျော့ ဆောက်သမ်တန်အသင်း ကို ကိုးဂိုးပြတ်အနိုင်ရပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံးရလဒ်စံချိန်ကို အမီလိုက်နိုင်ခဲ့သည်။ ပထမပိုင်းမှာပင်လက်စတာအသင်းက ငါးဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းတွင်လည်း လေးဂိုးထပ်မံ သွင်းယူ ခဲ့သောကြောင့် (၉-၀) ဂိုး ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယင်းပွဲရလဒ်မှာ ၁၉၉၅ ခုနှစ် မတ်လတွင် ဂိုးအပြတ်ဆုံး စံချိန်တင်ခဲ့သည့် မန်ယူ (၉-၀) အစ်ဝစ်ချ် ရလဒ်ကို အမီလိုက်နိုင်ခဲ့သလို အဝေးကွင်းပွဲများတွင် ဂိုးအပြတ်ဆုံးရလဒ်အဖြစ်လည်း စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ ဘရန်ဒန်ရော်ဂျာက  "ကျွန်တော့်အသင်းက အရမ်းရက်စက်ပါတယ်။ ဒီလိုအသင်းရဲ့ မန်နေဂျာအဖြစ် ရပ်နေခွင့်ရတာ အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော်တို့က အသင်းကောင်းတစ်သင်း ဆိုတာပြချင်တဲ့အတွက် ဒုတိယပိုင်းမှာလည်း ဒီပုံစံအတိုင်းပဲ ဆက်ကစားခဲ့တာပါ။ ဂိုးတွေအများကြီးရနေချိန်မှာ ကစားအားချလိုက်လို့ရပေမဲ့ ကျွန် တော်တို့ ဆက်ပြီးအာရုံစိုက်ခဲ့ပါတယ်။ ကျွန်တော်တို့က ထိပ်တန်းအသင်းတစ်သင်း ဖြစ်ချင်တာပါ" ဟု ချီးကျူးပြောကြားခဲ့သည်။

ထို့ပြင် ပွဲစဉ်တစ်ပွဲတည်းတွင် ကစား သမားနှစ်ဦး ဟက်ထရစ်သွင်းယူနိုင်ခြင်းမှာလည်း သမိုင်းတစ်လျှောက် ဒုတိယအကြိမ် ဖြစ်ပြီး ၂၀၀၃ ခုနှစ် မေလတွင် အာဆင်နယ်အသင်းမှ ပင်းနန့်နှင့် ပီရက်စ်တို့ သွင်းယူခဲ့ သည့်စံချိန်ကို အမီလိုက်နိုင်ခြင်းဖြစ်သည်။

 

Most Read

Most Recent