Grab မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် အဓိကရည်ရွယ်သည့် Premium Rentals Services အား ရန်ကုန်မြို့တွင်း စတင်မိတ်ဆက်

Grab မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် အဓိကရည်ရွယ်သည့် Premium Rentals Services အား ရန်ကုန်မြို့တွင်း စတင်မိတ်ဆက်
  Grab မှ Premium Rentals Services ဖြင့် ငှားရမ်းစီးနင်းနိုင်မည့် ယာဉ်အမျိုးအစားအား တွေ့ရစဉ်
Grab မှ Premium Rentals Services ဖြင့် ငှားရမ်းစီးနင်းနိုင်မည့် ယာဉ်အမျိုးအစားအား တွေ့ရစဉ်
Published 21 October 2019
ရွှန်းလဲ့ဝင်း

Grab မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပခရီးသွားများအတွက် အဓိကရည်ရွယ်သည့် Premium Rentals Service အား ရန်ကုန်မြို့တွင်းစတင်မိတ်ဆက်ခဲ့ကြောင်း Grab Myanmar မှ သတင်းရရှိသည်။

“စီးပွားရေးလုပ်ငန်းရှင်တွင်၊ ပြည်တွင်းပြည်ပခရီးသွားတွေအတွက် ရည်ရွယ်ပြီး Premium Rentals Service ကို စတင်မိတ်ဆက်တာပါ။ ဒီ Premium Rentals Service မှာဆိုရင် ကျွန်တော်တို့ ပုံမှန်ပေးနေတဲ့ Taxi Service ကို မလုံလောက်တဲ့သူတွေ၊ ရန်ကုန်မြို့တွင်းမှာ သက်သောင့်သက်သာနဲ့ ပိုပြီး Premium ဖြစ်ချင်တဲ့သူတွေအတွက် အချိန်နဲ့ ငှားရမ်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ Premium Rentals Service နဲ့ဆို ရန်ကုန်မြို့တွင်းမှာ Meeting တွေ တက်လို့ရမယ်။ မြို့တွင်းအလည်အပတ် လျှောက်လည်မယ်ဆိုရင်လည်း တစ်နေရာပြီးတစ်နေရာကို အေးဆေးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Premium Rentals Service ကို Package အလိုက် On Demand ခေါ်ယူအသုံးပြုနိုင်မှာပါ” ဟု  Grab Myanmar မှ ကိုမင်းထွန်းလှမော် Head of Sales & Business Development က ပြောကြားသည်။

အဆိုပါ Premium Rentals Service အား တစ်နာရီ၊ နှစ်နာရီ၊ လေးနာရီ၊ ၁၀ နာရီနှင့် Airport Transfers Package များ သတ်မှတ်ထားသည်။ Airport Transfers Package အား မြန်မာကျပ်ငွေ နှစ်သောင်း နှစ်ထောင်၊ တစ်နာရီ Package အား ကျပ်တစ်သောင်းခွဲ၊ နှစ်နာရီ Package အား ကျပ်နှစ်သောင်းခြောက်ထောင်၊ လေးနာရီ Package အား ကျပ်လေးသောင်းဖြင့် ငှားရမ်းစီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြင် Grab နှင့် နိုင်ငံပိုင်အာမခံကုမ္ပဏီဖြစ်သည့် မြန်မာ့အာမခံတို့ ပူးပေါင်း၍ မိတ်ဖက်ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် တစ်ကိုယ်ရေထိခိုက်မှု အာမခံပေးအပ်သွားမည်ဖြစ်သည်။

Grab ၏ စုပေါင်းတစ်ကိုယ်ရေထိခိုက်မှု အာမခံပေါ်လစီသည် ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် ယာဉ်မတော်တဆမှုဖြစ်ပွားရာတွင် သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းတို့အတွက် နစ်နာကြေးပေးအပ်သွားမည်ဖြစ်သည်။ ယင်းအာမခံတွင် ယာဉ်မောင်း သို့မဟုတ် ခရီးသည်တစ်ဦးလျှင် စုစုပေါင်း တစ်ကိုယ်ရေထိခိုက်မှု အာမခံနစ်နာကြေး အမေရိကန်ဒေါ်လာ ၅၀၀၀ အထိ ရရှိနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်း ထိခိုက်ဒဏ်ရာရရှိမှုများအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ပေးသွင်းထားကြောင်း သိရသည်။

Grab အနေဖြင့် Grab Taxi၊ Grab ThoneBane သို့မဟုတ် Grab Bike ခရီးစဉ်တစ်ခုအတွင်း ယာဉ်မတော်တဆမှုဖြစ်ပွားပါက မိတ်ဖက်ယာဉ်မောင်းနှင့်ခရီးသည်များအားလုံး အကျိုးခံစားခွင့်ရရှိနိုင်မည့် ၎င်း၏ စုပေါင်းတစ်ကိုယ်ရေထိခိုက်မှုအာမခံ PAI အမျိုးအစားအတွက် မြန်မာ့အာမခံလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent