မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ခရီးသွားများ ပိုမိုအဆင်ပြေရန်အတွက် တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းနိုင်ရေး အပါအဝင် လတ်ဆတ်သည့် မြန်မာ့ပင်လယ်စာ ထွက်ကုန်များ နီပေါသို့ တင်ပို့နိုင်ရေး ဆောင်ရွက်မည်

မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ခရီးသွားများ ပိုမိုအဆင်ပြေရန်အတွက် တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းနိုင်ရေး အပါအဝင် လတ်ဆတ်သည့် မြန်မာ့ပင်လယ်စာ ထွက်ကုန်များ နီပေါသို့ တင်ပို့နိုင်ရေး ဆောင်ရွက်မည်
အောက်တိုဘာ ၁၉ ရက်က Myanmar – Nepal Friendship & Business Opportunities အခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
အောက်တိုဘာ ၁၉ ရက်က Myanmar – Nepal Friendship & Business Opportunities အခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 19 October 2019
ဇေယျာငြိမ်း

မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ခရီးသွားများ ပိုမိုအဆင်ပြေရန်အတွက် တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းနိုင်ရေး အပါအဝင် လတ်ဆတ်သည့် မြန်မာ့ပင်လယ်စာ ထွက်ကုန်များ နီပေါသို့ တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်က ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ ကျင်းပသည့် “Myanmar – Nepal Chamber of Commerce & Myanmar – Nepal Frienship Association Organized Talk Program on Myanmar – Nepal Frienship & Business Opportunities” အခမ်းအနားမှ သိရသည်။

“မြန်မာနဲ့ နီပေါနဲ့ တိုက်ရိုက်လေယာဉ်ပျံဖို့ အဓိက ဆွေးနွေးပြီး လုပ်နေတယ်။ တိုက်ရိုက်လေယာဉ်ပျံနိုင်တာနဲ့ နီပေါနိုင်ငံက ကုန်းတွင်းပိတ်နိုင်ငံဖြစ်တယ်။ မြန်မာနိုင်ငံမှာကျတော့ ဒီပင်လယ်နဲ့ ချောင်းတွေပေါတဲ့နိုင်ငံ ဖြစ်တဲ့အတွက် အဓိကတော့ fresh seafood တွေ၊ fresh vegetable တွေကို Export လုပ်ချင်တယ်။ ပြီးတော့ ဘုရားဖူးအပြင် နီပေါနိုင်ငံမှာရှိတဲ့ တခြားယဉ်ကျေးမှု အထင်ကရရှိတဲ့ နေရာတွေ ပြီးတော့ သဘာဝ ပတ်ဝန်းကျင် အလှအပတွေ အများကြီးရှိတယ်။ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ကြီးကလည်း နီပေါမှာရှိတယ်” ဟု အဝေးရောက် နီပေါနိုင်ငံသားအသင်း၊ ဥက္ကဋ္ဌ S.B CHETRY က ပြောကြားသည်။

“အထူးသဖြင့် ပင်လယ်စာခက်တယ်။ ရတော့ရတယ်။ ရေခဲရိုက်တွေ အကြာကြီး ထားပြီးတော့မှ ရောက်တယ်။ တကယ်လို့များ တိုက်ရိုက်လေယာဉ် ပျံသန်းနိုင်မယ်ဆိုရင် အချိန်ပိုင်း နှစ်နာရီခွဲသာသာပဲ ကြာပါတယ်။ တိုက်ရိုက်ပျံသန်းနိုင်ရင် တစ်နေ့တည်းနဲ့ ရတာပေါ့” ဟု ၎င်းကဆက်လက် ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီတို့သည် အောက်တိုဘာ ၁၇ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေး၊ ခရီးသွားနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား နိုင်ငံတကာ မျက်နှာစာ၌ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ Communication Sector ထူထောင်ပြီး နှစ်နိုင်ငံ သတင်းအချက်အလက်များ ဖလှယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၂၀ ပြည့်နှစ်တွင် နီပေါနိုင်ငံ၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ညီလာခံသို့ မြန်မာနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ရေး၊ ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် (၆၀) ပြည့်အခမ်းအနားများ ကျင်းပရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စစ်ဘီဒီ ယာဒေဗီဘန်ဒါရီတို့သည် မြန်မာ-နီပေါ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတတို့ ရှေ့မှောက်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ အစိုးရတို့အကြား ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် နီပေါနိုင်ငံခြားရေးဝန်ကြီး မစ္စတာပရာဒိပ်ကူမာဂျန်ဝါရီတို့က လည်းကောင်း၊ မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နီပေါနိုင်ငံခြားရေးဝန်ကြီး မစ္စတာပရာဒိပ်ကူမာ ဂျန်ဝါရီတို့က လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent