အခြေခံစျေး ငါးသိန်းအထက်တွင် ဖြစ်ပေါ်နေသော စပါး အမျိုးအစား များအတွက် စျေးကွက်ပေါက်စျေးအတိုင်းသာ ဝယ်ယူရန်နှင့် အခြေခံရည်ညွှန်းစျေးဖြင့် ရောင်းချရန်အခက်အခဲရှိသော ဒေသများ၌ ဆန်စပါးဝယ်ယူရေး အဖွဲ့များက ဝယ်ယူရေး ပြင်ဆင်လျက်ရှိ

အခြေခံစျေး ငါးသိန်းအထက်တွင် ဖြစ်ပေါ်နေသော စပါး အမျိုးအစား များအတွက် စျေးကွက်ပေါက်စျေးအတိုင်းသာ ဝယ်ယူရန်နှင့် အခြေခံရည်ညွှန်းစျေးဖြင့် ရောင်းချရန်အခက်အခဲရှိသော ဒေသများ၌ ဆန်စပါးဝယ်ယူရေး အဖွဲ့များက ဝယ်ယူရေး ပြင်ဆင်လျက်ရှိ
ရိတ်သိမ်းပြီး စပါးများ နေလှန်းထားသည်ကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
ရိတ်သိမ်းပြီး စပါးများ နေလှန်းထားသည်ကို ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
Published 15 October 2019
နီလာ

စျေးကွက်ပေါက်စျေးသည် အခြေခံစျေး ငါးသိန်းအထက်တွင် ဖြစ်ပေါ်နေသော စပါးအမျိုးအစားများအတွက် ပေါက်စျေးအတိုင်းသာ ဝယ်ယူရန်နှင့်အခြေခံရည်ညွှန်းစျေးဖြင့် ရောင်းချရန် အခက်အခဲရှိသော ဒေသများတွင် ဆန်စပါးဝယ်ယူရေးအဖွဲ့များက ဝယ်ယူရေး ပြင်ဆင်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

နိုင်ငံတော်အစိုးရ၏ခွင့်ပြုချက်ဖြင့် ဒုတိယသမ္မတ-၂ ဦးဆောင်သော တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ သည် ၂၀၁၉ ခုနှစ်မိုးစပါးနှင့် ၂၀၂၀ နွေစပါး အတွက် အခြေခံရည်ညွှန်းစပါးစျေးနှုန်းကို  ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် အခြေခံစျေးကြေညာသတ်မှတ်သည့် စနစ်ဖြစ်ပေါ်စေရန် ၂၀၁၇ ခုနှစ်ကတည်း က ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ယင်းစနစ်သည် တောင်သူများအပါအဝင် ဆန်စပါ း စိုက်ပျိုးထုတ်လုပ်ရောင်းချမှု ကွင်းဆက်တစ်ခုလုံးနှင့် ဆန်စပါး စီးပွားရေးအဆောက်အအုံ တစ်ခုလုံးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ထားသည်။

စျေးကွက်ပေါက်စျေးသည် အခြေခံစျေး အထက်တွင်ဖြစ်ပေါ်နေသာစပါးအမျိုးအစားများအတွက် စျေးကွက်ပေါက်စျေးအတိုင်းသာ ဝယ်ယူရန်နှင့်စျေးကွက်ပေါက်စျေးသည် အခြေခံစျေးအောက်တွင်ဖြစ်ပေါ်မှုရှိသော စပါးအမျိုးအစားများအတွက် နိုင်ငံတော်အစိုးရမှထုတ်ပြန်သည့် အခြေခံစျေးနှုန်းဖြစ်သည့် သတ်မှတ်အရည်အသွေးစံနှုန်း နှင့်ကိုက်ညီပြီး အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိသော ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ လျှင်  ငါးသိန်းနှုန်းဖြင့် ဝယ်ယူပေးရန်နှင့် ယခုအစီအစဉ်တွင် ဆန်စပါးလုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့်ကုမ္ပဏီများမှ ပူးပေါင်းကူညီဆောင်ရွက်ရန် တိုက်တွန်းထားသည်။

အခြေခံရည်ညွှန်းစျေးဖြင့် ရောင်းချရန် အခက်အခဲရှိသောနေရာဒေသများတွင် နိုင်ငံတော်အစိုးရ၏စီစဉ်မှုဖြင့် ဦးဆောင်အဖွဲ့က ဖွဲ့စည်းပေးထားသော လယ်ယာထွက်ကုန်စီမံ ခန့်ခွဲရေးအဖွဲ့နှင့် ဆန်စပါးဝယ်ယူရေးအဖွဲ့များမှ ဝယ်ယူရေးကို ဆောင်ရွက်သွားရန် ပြင်ဆင်လျက်ရှိရာ ယင်းနှင့်ဆက်စပ်သော ဝယ်ယူရေးနှင့် သိုလှောင်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍အဖျင်းအ မှော်၊ ဖုန်၊ သဲ၊ ခဲကင်းစင်းပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစျေးနှုန်းကို ကျပ်ငါးသိန်းအဖြစ် တောင်သူလယ်သမားအခွင့် အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က သတ်မှတ်လိုက်သည်။

စျေးကွက်ပေါက်စျေးသည် အခြေခံရည်ညွှန်းစျေးနှုန်းအပေါ်တွင်ဖြစ်ပါက စျေးကွက်ပေါက်စျေးအတိုင်းသာ ဝယ်ယူရန်နှင့် စျေးကွက်ပေါက်စျေးသည် အခြေခံရည်ညွှန်း စျေးနှုန်းအောက်တွင်ဖြစ်ပါက အခြေခံစျေး နှုန်းအတိုင်း ဝယ်ယူရန်ဖြစ်သည်။ ယခုသတ် မှတ်သောအခြေခံရည်ညွှန်းစျေးနှုန်းသည် ၂၀၁၉ ခုနှစ်မိုးစပါးနှင့် ၂၀၂၀ ပြည့်နှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

အခြေခံရည်ညွှန်းစျေးဖြင့်ရောင်းချရန် အခက်အခဲရှိသော တောင်သူများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏မြို့နယ် ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ်ရုံး ဖုန်း(၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊၀၁-၂၁၈၂၆၆)သို့ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း  ထုတ်ပြန်ထားသည်။ 

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင်မျှတသောစျေး ကွက်နှင့် စျေးနှုန်းဖြစ်ပေါ်စေရေးအတွက်   စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက်အခြေခံရည်ညွှန်းစပါးစျေးနှုန်းကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။                        

 

Most Read

Most Recent