ဂျပန်နိုင်ငံသားအဖြစ်ခံယူ၍ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် နာမည်ကြီးတင်းနစ်မယ်အိုဆာကာ ယှဉ်ပြိုင်မည်

ဂျပန်နိုင်ငံသားအဖြစ်ခံယူ၍ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် နာမည်ကြီးတင်းနစ်မယ်အိုဆာကာ ယှဉ်ပြိုင်မည်
Photos: Getty Images
Photos: Getty Images
Published 13 October 2019

အိုဆာကာသည် ဂျပန်နိုင်ငံသူ မိခင်နှင့် ဟေတီနိုင်ငံသားဖခင်တို့က ဂျပန်နိုင်ငံ အိုဆာကာမြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၌ နေထိုင်လျက်ရှိသောကြောင့် အမေရိကန်နှင့် ဂျပန်နိုင်ငံအတွက် ကိုယ်စားပြုခွင့်ရထားသည်။ 

 

ဂရင်းစလင်းချန်ပီယံဆု နှစ်ကြိမ်ရရှိထားသည့် နာမည်ကြီးတင်းနစ်မယ် နာအိုမီအိုဆာကာသည် ဂျပန်နိုင်ငံသားအဖြစ်ခံယူ၍ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အိုဆာကာသည် ဂျပန်နိုင်ငံသူ မိခင်နှင့် ဟေတီနိုင်ငံသားဖခင်တို့က ဂျပန်နိုင်ငံ အိုဆာကာမြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၌ နေထိုင်လျက်ရှိသောကြောင့် အမေရိကန်နှင့် ဂျပန်နိုင်ငံအတွက် ကိုယ်စားပြုခွင့်ရထားသည်။ 

သို့သော် ဂျပန်နိုင်ငံ၏ ဥပဒေအရ အသက် ၂၂ နှစ်မပြည့်မီ ကိုယ်စားပြုမည့်နိုင်ငံအား ရွေးချယ်ရမည်ဖြစ်ရာ အောက်တိုဘာ ၁၆ ရက်တွင် ၂၂ နှစ်ပြည့်မည့် အိုဆာကာက ဂျပန် နိုင်ငံကိုယ်စားပြုရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ 

"အိုလံပစ်မှာ ဂျပန်ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရမယ့်ခံစားချက်က အရမ်းကောင်းပါတယ်။ ရွှေတံဆိပ်ယူပေးချင်ပေမဲ့ ကျွန်မကို မျှော်လင့်ချက်တွေ အရမ်းထားနေမှာကိုတော့ စိုးရိမ်မိပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ အိုဆာကာသည် ယူအက်စ်အိုးပင်း နှင့် သြစတြေးလျအိုးပင်းချန်ပီယံဆုများ ရရှိထားသူဖြစ်သည်။

 

Most Read

Most Recent