စတီဂန်နှင့် ပြဿနာမရှိကြောင်း နော်ယာ ပြောကြား

စတီဂန်နှင့် ပြဿနာမရှိကြောင်း နော်ယာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 13 October 2019

ဂျာမနီလက်ရွေးစင်အသင်းဂိုးသမား နော်ယာက မိမိအနေဖြင့် အသင်းဖော် စတီဂန်နှင့် ပြဿနာမရှိကြောင်း ပြောကြားခဲ့သည်။ 

ဂျာမနီလက်ရွေးစင်အသင်းဂိုးသမား နော်ယာက မိမိအနေဖြင့် အသင်းဖော် စတီဂန်နှင့် ပြဿနာမရှိကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၃)နှစ်အရွယ်ရှိ ဘိုင်ယန်မြူးနစ်ဂိုးသမား နော်ယာသည် နောက်ပိုင်းနှစ်များတွင် လက်စွမ်းကျဆင်းလာကြောင့် ဂျာမနီအသင်းတွင် ဘာစီလိုနာဂိုးသမား စတီဂန်ကိုသာ နံပါတ်(၁) ဂိုးသမားအဖြစ် အသုံးပြုသင့်သည်ဟု သုံးသပ်မှုများရှိလာခဲ့သည်။ 

သို့သော် ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးသည် နော်ယာကို ဦးစားပေးအဖြစ် အသုံးပြုနေဆဲဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌဖြစ်သူ အူလီဟိုးနက်စ်ကမူ နော်ယာကို နေရာပေးခိုင်းမည်ဆိုပါက ဂျာမနီအသင်းအတွက် ကစားသမားများကို စေလွှတ်မည်မဟုတ်ဟု ပြောဆိုခဲ့သည်။ 

ယင်းကဲ့သို့ အခြေအနေများကြောင့် နော်ယာနှင့် စတီဂန်တို့အကြားတွင် ပြဿနာများရှိနိုင်သည်ဟု မီဒီယာများက သုံးသပ်နေကြသော်လည်း နော်ယာက မိမိတို့အကြားတွင် အားလုံးအဆင်ပြေကြောင်း ပြောကြားခဲ့သည်။ 

နော်ယာက "ကျွန်တော်နဲ့ စတီဂန်တို့အကြား ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အလွန်ကို ကောင်းမွန်ပါတယ်။ စတီဂန်ဟာ အာဂျင်တီးနားနဲ့ ခြေစမ်းပွဲမှာ အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့အသင်းမှာ ဂိုးသမားကောင်းတွေ အများကြီးရှိပါတယ်။ လေနိုနဲ့ ထရပ်စ်တို့လည်း ရှိသေးတာပဲ။ အားလုံးအဆင်ပြေပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် နော်ယာက ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးတွင် ဂျာမနီလက်ရွေးစင်အသင်းမှ အနားယူမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မိမိအနေဖြင့် အနားယူမည့်အကြောင်းကို မစဉ်းစားသေးကြောင်း ဆိုကာ ငြင်းဆန်ပယ်ချခဲ့သည်။ 

 

Most Read

Most Recent