ပြည်ပပို့ကုန်နှင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အထွေထွေကျဆင်းလာခြင်းကြောင့် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သော်လည်း မြန်မာနိုင်ငံ၏ ဂျီဒီပီ် ၆ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးတက်နိုင်ကြောင်း ကမ္ဘာ့ဘဏ် ခန့်မှန်းထား

ပြည်ပပို့ကုန်နှင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အထွေထွေကျဆင်းလာခြင်းကြောင့် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သော်လည်း မြန်မာနိုင်ငံ၏ ဂျီဒီပီ် ၆ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးတက်နိုင်ကြောင်း ကမ္ဘာ့ဘဏ် ခန့်မှန်းထား
 ရန်ကုန်မြို့ရှိ World Bank Myanmar ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ World Bank Myanmar ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 10 October 2019
ဇေယျာငြိမ်း

ပြည်ပပို့ကုန်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်း၌ အထွေထွေကျဆင်းလာခြင်းကြောင့်  အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ ဖွံ့ဖြိုးဆဲနိုင်များ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ World Bank Myanmar ရုံးတွင် ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အရှေ့အာရှနှင့်ပစိဖိတ်ဒေသ၏ ဖွံ့ဖြိုးဆဲတိုင်းပြည်များ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၁၉ ခုနှစ်တွင် ၅ ဒသမ ၈ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းထားသည်။ ယင်းကဲ့သို့ ကျဆင်းရခြင်းက ပြည်ပပို့ကုန်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အထွေထွေ ကျဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးတင်းမာမှုများ တိုးမြှင့်လာသည့်အတွက် ဒေသတွင်းတိုးတက်မှုနှုန်းကို ရှေရှည်တွင် ခြိမ်းခြောက်မှုများဖြစ်ပေါ်စေမည်ဖြစ်ကြောင်း သိရသည်။

တချို့နိုင်ငံများအနေဖြင့် ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေး အခင်းအကျင်းအား နေရာပြန်လည်ချထားခြင်းမှ အကျိုးအမြတ် ရရှိစေရန် မျှော်လင့်နေသော်လည်း ကမ္ဘာ့စျေးကွက်တန်ဖိုးမြှင့်ကွင်းဆက်များ၏ ပြုလွယ်ပြင်လွယ်မရှိမှုကြောင့် လောလောဆယ်တွင် ဒေသတွင်းနိုင်ငံများအတွက် အကျိုးဖြစ်ထွန်းမှုကို အကန့်အသတ်ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီများစွာက သွင်းကုန်စည်းကြပ်ခွန်ကို ရှောင်ရှားဖို့ နည်းလမ်းရှာဖွေနေကြပေမယ့် ကမ္ဘာ့စျေးကွက်ထဲက တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို အစားထိုးဖို့ ဖွံ့ဖြိုးဆဲအရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်းနိုင်ငံများအတွက် ခဲယဉ်းပါလိမ့်မယ်။ ဒါဟာ အခြေခံအဆောက်အအုံ မလုံလောက်ခြင်းနဲ့ ထုတ်လုပ်မှုအတိုင်းအတာ သေးငယ်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်” ဟု အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ်ဘောကဗေဒပညာရှင်အကြီးအကဲ Andrew D. Mason က ပြောကြားသည်။

ကမ္ဘာ့ဘဏ်မှ ဖော်ပြထားသည့် အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံများ၏ ဂျီဒီပီတိုးတက်မှုနှုန်းများမှာ တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၁ ရာခိုုင်နှုန်းရှိရာမှ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ၅ ဒသမ ၉ နှင့် ၅ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ၅ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ၅ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်နိုင်မည်။ မလေးရှားနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၆ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ၄ ဒသမ ၆ ရာခိုင်နှုန်းသာ ဆက်ရှိနေမည်။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင်  ၅ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ၂ ဒသမ ၇ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ၂ ဒသမ ၉ ရာခိုင်နှုန်းနှင့် သုံးရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင်  ၆ ဒသမ ၆ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၁၉ ခု နှစ်တွင် ခုနစ်ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း၊ လာအိုနိုင်ငံသည် ၂၀၁၉  ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၇ ရာ ခိုင်နှုန်းနှင့် ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံကို ချန်လှပ်ပြီးကြည့်မည်ဆိုပါက ဒေသတွင်းနိုင်ငံများ၏ ဝယ်လိုအားသည် ပြီးခဲ့သည့်နှစ်ယခုကာလနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်နိမ့်သော်လည်း ငွေကြေးနှင့် ဘဏ္ဍာရေးမူဝါဒများ၏ အားကောင်းမှုကြောင့် တည်ငြိမ်လျက်ရှိသည်။ သို့သော် ဒေသတွင်းနိုင်ငံငယ်များ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ အားကောင်းနေဆဲဖြစ်ရာ ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေနှင့် သယံဇာတ တူးဖော်သည့်လုပ်ငန်းကဏ္ဍတွင် အပြောင်းအလဲမရှိ တိုးတက်မှုအပါပဝင် နိုင်ငံလိုက် အခြေအနေများကို ထင်ဟပ်လျက်ရှိကြောင်း ဖော်ပြထားသည်။                                                         ]

 

Most Read

Most Recent