ပိုချက်တီနို၏ စပါးအသင်းနည်းပြရာထူးကို မော်ရင်ဟို စိတ်ဝင်စားနေပြီး အခြေအနေကိုစောင့်ကြည့်နေဟု ဗြိတိန်သတင်းစာများ ဖော်ပြ

ပိုချက်တီနို၏ စပါးအသင်းနည်းပြရာထူးကို မော်ရင်ဟို စိတ်ဝင်စားနေပြီး အခြေအနေကိုစောင့်ကြည့်နေဟု ဗြိတိန်သတင်းစာများ ဖော်ပြ
Photos: Getty Images
Photos: Getty Images
Published 9 October 2019

မော်ရင်ဟိုက "ကျွန်တော် မှန်ကန်တဲ့ အခွင့်အရေးရရှိဖို့အတွက် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေပါတယ်။ ကျွန်တော့်ရဲ့ အနေအထားနဲ့ ကိုက်ညီတဲ့ အသင်းတစ်သင်းကိုတွေ့ဖို့ ကျွန်တော် အချိန်စောင့်နေပါတယ်" ဟု ပြောကြားခဲ့ပြီး သူ ရည်ရွယ်သည့်အသင်းမှာ စပါးအသင်း ဖြစ်နိုင်သည်ဟု Daily Mail က ဖော်ပြခဲ့သည်။ စပါးအသင်းသည် လက်ရှိတွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် နည်းပြဖြစ်သူ ပိုချက်တီနို၏ အနာဂတ်မှာ လှုပ်ခတ်လျက်ရှိနေသည်။

 

ပရီးမီးယားကလပ် ချယ်လ်ဆီး၊ မန်ယူ အသင်းများတွင် နည်းပြခဲ့သူ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် စပါးအသင်းနည်းပြရာထူးကို စိတ်ဝင်စားနေပြီး စပါးအသင်းနှင့်အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနို၏ အခြေအနေကို စောင့်ကြည့်နေကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။ မော်ရင်ဟိုသည် ၂၀၁၈ ဒီဇင်ဘာလတွင် မန်ယူအသင်းနည်းပြ ရာထူးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေပြီး ၎င်းက မိမိ၏အနေအထားနှင့် ကိုက်ညီသောအသင်းကိုသာ ကိုင်တွယ်သွားမည်ဟု ဖွင့်ဟပြောကြားထားသည်။ 

မော်ရင်ဟိုက "ကျွန်တော် မှန်ကန်တဲ့ အခွင့်အရေးရရှိဖို့အတွက် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေပါတယ်။ ကျွန်တော့်ရဲ့ အနေအထားနဲ့ ကိုက်ညီတဲ့ အသင်းတစ်သင်းကိုတွေ့ဖို့ ကျွန်တော် အချိန်စောင့်နေပါတယ်" ဟု ပြောကြားခဲ့ပြီး သူ ရည်ရွယ်သည့်အသင်းမှာ စပါးအသင်း ဖြစ်နိုင်သည်ဟု Daily Mail က ဖော်ပြခဲ့သည်။ စပါးအသင်းသည် လက်ရှိတွင် ရလဒ်များဆိုးရွားနေခြင်းကြောင့် နည်းပြဖြစ်သူ ပိုချက်တီနို၏ အနာဂတ်မှာ လှုပ်ခတ်လျက်ရှိနေသည်။

သို့သော် စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းအနေဖြင့် ပိုချက်တီနိုကို လျော်ကြေးငွေများစွာ ပေးရမည်ဖြစ်သဖြင့် မထုတ်ပယ်သေးဘဲ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။ စပါးအသင်းသည် ပိုချက်တီနိုကို ထုတ်ပယ်ခဲ့ပါက လျော်ကြေးငွေ ပေါင် (၃၂)သန်းအထိ ပေးချေရဖွယ်ရှိကြောင်း သိရှိရသည်။ 

လက်ရှိတွင် ဘွတ်ကီဒိုင်များ၌ ပိုချက်တီနို၏နေရာ အစားထိုးမည့် နည်းပြအဖြစ်  မော်ရင်ဟိုမှာ ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း သိရသည်။ ရီးယဲလ်မက်ဒရစ်အသင်းကလည်း လက်ရှိနည်းပြ ဇီဒန်း၏နေရာအစားထိုးရန် နည်းပြဟောင်း မော်ရင်ဟိုကို ပစ်မှတ်ထားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Most Read

Most Recent