၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ ဝင်ရောက်ရန် မျှော်မှန်းထား

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ ဝင်ရောက်ရန် မျှော်မှန်းထား
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 5 October 2019
နီလာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံဝင်ရောက်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန့်စင် လွင်က ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ အထိ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြု/အတည်ပြုပေးခဲ့ မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၈၂ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၂၇၆၄ ဒသမ ၁၂၈ သန်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၄၁၅၈ ဒသမ ၄၇၄ သန်း ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်က သတင်းထုတ်ပြန်ထားသည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ အထိ ရင်းနှီးမြှုပ်နှံမှုတိုး မြှင့်ခြင်းအပါဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၆၂ ဒသမ ၂၈၀ သန်းဖြစ်သည်။ ထို့ကြောင့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်းနိုင်ငံခြားရင်း နှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၄၅၂၀ ဒသမ ၇၅၄ သန်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုခွင့်ပြု/အတည် ပြုပေးခဲ့မှုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇၁ ခု ၊  ဒေါ်လာ ၃၇၉ ဒသမ ၆၅၈ သန်း အပါအဝင် ကျပ် ၁၄၃၂၃၇၁ ဒသမ ၀၃၁ သန်းဖြစ် သည်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၄၇၃ ဒသမ ၂၉၅ သန်းအပါအဝင် ကျပ် ၁၆၉၄၅၆၈ ဒသမ ၀၈၀ သန်းဖြစ်ကြောင်း  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သ တင်းထုတ်ပြန်ထားသည်။၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း နိုင်ငံအလိုက်ရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူက ထိပ်ဆုံးမှရပ်တည်ခဲ့သည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည်  ဝင်ငွေ အလယ်အလတ်အဆင့်ရှိသည့်နိုင်ငံ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိပြီဖြစ်ကြောင်း သိရသည်။

နှစ် ၂ဝအတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာဘီလျံ ၂၂၀ ကျော်ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး မျှော်မှန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁အထိ)၊ ကာလလတ် ငါးနှစ်(၂၀၂၁-၂၀၂၂ခုနှစ်မှ-၂၀၂၅-၂၀၂၆အထိ)၊ကာလရှည်၁ဝနှစ်(၂၀၂၆-၂၀၂ရခုနှစ်မှ ၂၀၃၅-၂၀၃၆အထိ) အသီးသီး ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ အခြေပြုကိစ္စရပ်(Base Case)အပေါ်အခြေခံ၍ တွက်ချက်ထားသည့် ရင်းနှီးမြှုပ်နှံမှုဦးတည်ချက်များ (Investment Target) များမှာ ကာလတိုငါးနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁အထိတွင် နှစ်စဉ် ဒေါ်လာ ၅ဒသမ၈ဘီလျံ၊ကာလလတ် ငါးနှစ်ဖြစ်သည့်၂၀၂၁-၂၀၂၂ခုနှစ်မှ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ၊ ၂၀၂၆-၂၀၂ရခုနှစ်မှ ၂၀၃၀ -၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလျံ၊၂၀၃၁-၂၀၃၁ခုနှစ်မှ ၂၀၃၅-၂၀၃၆ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံအထိ ရရှိရန် အသီးသီး ခန့်မှန်းထားကြောင်း သိရသည်။

Most Read

Most Recent