အမေရိကန်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် ရည်ရွယ်၍ အမေရိကန်ကုမ္ပဏီ ကိုယ်စားလှယ်အဖွဲ့ မန္တလေးစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

အမေရိကန်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် ရည်ရွယ်၍ အမေရိကန်ကုမ္ပဏီ ကိုယ်စားလှယ်အဖွဲ့ မန္တလေးစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ
MRCCI အသင်းခန်းမတွင် ပြုလုပ်ခဲ့သည့် အမေရိကန်ကုမ္ပဏီ ကိုယ်စားလှယ်အဖွဲ့မှ မန္တလေးစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်
MRCCI အသင်းခန်းမတွင် ပြုလုပ်ခဲ့သည့် အမေရိကန်ကုမ္ပဏီ ကိုယ်စားလှယ်အဖွဲ့မှ မန္တလေးစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်
Published 3 October 2019
လဲ့လဲ့အောင်



အမေရိကန်လုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရန် ရည်ရွယ်၍ US-ASEAN Business Council မှ ဦးဆောင်ကာ အမေရိကန်ရှိ နာမည်ကြီး ကုမ္ပဏီများမှ ကိုယ်စားလှယ်အဖွဲ့နှင့် မန္တလေးစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံမှုကို အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းက MRCCI အသင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

အမေရိကန် ကုမ္ပဏီများဖြစ်သည့် Abbott, Amazon, Bower Group Asia, Chevron, Coca-Cola, Ford, Google, Master Card, Visa အစရှိသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ် ၃၀ ဦးပါအဖွဲ့နှင့် တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

“အမေရိကန် အာဆီယံ စီးပွားရေးကောင်စီ အနေနဲ့ တည်ရှိနေတာ ၃၅ နှစ်ရှိပါပြီ။ ကောင်စီအနေနဲ့က အမေရိကန်စီးပွားရေး လုပ်ငန်းတွေကို အရှေ့တောင်အာရှ နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ကူညီပေးတယ်။ အာဆီယံ ၁၀ နိုင်ငံအနက်က ခုနစ်နိုင်ငံမှာ အသင်းရုံးခွဲတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ်ကပဲ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် US ICT Council for Myanmar နဲ့ပူးပေါင်းပြီးတော့ အဖွဲ့စည်းဖွဲ့ထားပါတယ်။ ဒါက ကောင်စီရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်တယ်။ အမေရိကန် လုပ်ငန်းတွေအနေနဲ့ အာရှနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားတာ ယူအက်စ်ဒေါ်လာ ၃၂၉ ကုဋေ ရှိပါပြီ။ ကျွန်တော်တို့ အခု မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ကြည့်လာပါပြီ။ ရင်းနှီးမြှုပ်နှံမှု စပြီးလုပ်နေတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်” ဟု US-ASEAN Business Council President & CEO Alexander C.Feldman က ပြောကြားသည်။

ယခုကဲ့သို့ အမေရိကန် လုပ်ငန်းရှင်များ လာရောက်တွေ့ဆုံ ဆွေးနွေးမှုမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့မှာ ရန်ကုန်တွင်လည်း စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent