ဘိုင်ယန်မြူးနစ်အသင်းနည်းပြ နီကိုကိုဗက်က မိမိတို့နှင့်ယှဉ်ပြိုင်ကစားမည့် စပါးအသင်းတွင် ဖိအားများရှိနေပြီး ယင်းအချက်ကို အခွင့်ကောင်းယူသွားမည်ဟု ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ နီကိုကိုဗက်က မိမိတို့နှင့်ယှဉ်ပြိုင်ကစားမည့် စပါးအသင်းတွင် ဖိအားများရှိနေပြီး ယင်းအချက်ကို အခွင့်ကောင်းယူသွားမည်ဟု ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင် ဇဗက်ဒါအသင်းကို အနိုင်ရခဲ့သော်လည်း စပါးအသင်းမှာ အိုလံပီယာကော့စ်အသင်းကို သရေသာကစားနိုင်ခဲ့သည်။
ထို့ပြင် စပါးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ရလဒ်များဆိုးရွားနေသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ကိုဗက်က "စပါးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဥရောပမှာ တိုးတက်လာတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားက အသင်းတိုင်း၊ နည်းပြတိုင်း လိုချင်ကြတဲ့ ဖလားပါ။ စပါးနဲ့ ဘိုင်ယန်မြူးနစ်ပွဲဟာ အရမ်းကောင်းတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ စပါးကွင်းမှာ အနိုင်ရဖို့အတွက် ကြိုးစားသွားမှာပါ။ လက်ရှိမှာ စပါးအသင်းက ဖိအားများနေတဲ့အသင်းဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဒါကို အသုံးချနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
စပါးအသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့၏ ချန်ပီယံအုပ်စုပွဲစဉ်ကို ယနေ့ည (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် ၁:၃၀ နာရီ)တွင် ကစားမည်ဖြစ်သည်။















