သာကေတ ရှုခင်းသာမြို့ပတ်လမ်း အနီးတွင် တည်ဆောက်မည့် Emerald Bay အဆင့်မြင့် ကွန်ဒိုမီနီယံ စီမံကိန်း ပထမအဆင့် ၂၀၂၂ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး အပျော်စီးရွက်လှေဆိပ် ပါဝင်မည်

သာကေတ ရှုခင်းသာမြို့ပတ်လမ်း အနီးတွင် တည်ဆောက်မည့် Emerald Bay အဆင့်မြင့် ကွန်ဒိုမီနီယံ စီမံကိန်း ပထမအဆင့် ၂၀၂၂ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး အပျော်စီးရွက်လှေဆိပ် ပါဝင်မည်
သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်း အနီးတွင် တည်ဆောက်မည့် Emerald Bay အဆင့်မြင့် ကွန်ဒိုမီနီယံ စီမံကိန်း ပုံစံကို တွေ့ရစဉ်
သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်း အနီးတွင် တည်ဆောက်မည့် Emerald Bay အဆင့်မြင့် ကွန်ဒိုမီနီယံ စီမံကိန်း ပုံစံကို တွေ့ရစဉ်
Published 1 October 2019
ဆန်းထူးအောင်

သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်း အနီးတွင် တည်ဆောက်မည့် Emerald Bay အဆင့်မြင့် ကွန်ဒိုမီနီယံ စီမံကိန်း ပထမအဆင့် ၂၀၂၂ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး အပျော်စီး ရွက်လှေဆိပ်ပါ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆင့်မြင့်ကွန်ဒိုမီနီယံ စီမံကိန်းနှင့် ပတ်သက်ပြီး စက်တင်ဘာ ၃၀ ရက်တွင် စီမံကိန်း တည်ဆောက်မည့် နေရာ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“စီမံကိန်းအတွက် ရင်းနှီးမတည်ငွေက ဒေါ်လာသန်း ၈၀၀ ဖြစ်ပါတယ်။ ပရောဂျက်ကတော့ ၃၇ ဧကရှိတယ်။ ပထမဆုံးအနေနဲ့ ၁၇ ဧကကို စဆောက်တယ်။ ၁၇ ဧကမှာမှ Phase 1 နဲ့ Phase 2 ကိုခွဲခြားထားတယ်။ Phase 1 မှာ တိုက်ငါးလုံးပါပြီးတော့ မတ် ၂၀၂၂ မှာ Delivery အပ်မယ်။ ကျန်တဲ့ဟာကိုတော့ နောက်သုံးနှစ် ပရောဂျက်နဲ့ Phase 2 ဆိုပြီးတော့ ကျန်တဲ့ Shopping Mall တွေကိုလုပ်သွားမယ်” ဟု Emerald Bay မှ Investment Director Mr.Dylan ကပြောကြားသည်။

လက်ရှိတွင် တိုက်ခန်းအရောင်းစျေးကွက် ကျဆင်းနေသော်လည်း အတိုင်းအတာ တစ်ခုသာ ကြာမြင့်မည်ဖြစ်ပြီး ပြန်လည် မြင့်တက်လာမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းတွင် နေထိုင်သည့် လူဦးရေ ခုနစ်သန်းရှိပြီး အဆင့်ဆင့်မြင့်မြင့် နေထိုင်ခြင်သူများအတွက် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် အဆင့်မြင့် ကွန်ဒိုတစ်ခုဖြစ်ကြောင်း Investment Director Mr.Dylan က ပြောကြားသည်။

အဆင့်မြင့် ကွန်ဒိုစီမံကိန်းတွင် အပျော်စီးရွက်လှေဆိပ် ပါရှိမည်ဖြစ်ပြီး ပဲခူးမြစ်ကမ်းပေါ်တွင် ဆိပ်ခံတံတား ဆောက်လုပ်မည်ဖြစ်ကြောင်း၊ စီမံကိန်း ဆောက်လုပ်ပြီးစီးချိန်တွင် နေထိုင်သူများအတွက် လှေစီးအဖွဲ့များထူ ထောင်ပေးခြင်း၊ အပျော်တမ်း ငါးဖမ်းထွက်ခြင်း၊ ရေပေါ်ပါတီများ ဆင်နွှွှဲနိုင်ခြင်းတို့ပါ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဆိပ်ခံတံတားကို လေးလသို့မဟုတ် အများဆုံး ခြောက်လအတွင်း တည်ဆောက်မှာ ဖြစ်ပါတယ်။ ဒီဆိပ်ခံတံတားက တိုက်ခန်းမှာ နေထိုင်မယ့်သူတွေ အတွက်သာ မဟုတ်ပါဘူး။ ရန်ကုန် Water Bus လိုမျိုးတွေရော၊ Boat တွေရောလာမယ်ပေါ့။ ပြည်သူလူထုကပါ ဒီမှာလာပြီးတော့ အပန်းဖြေအနားယူလို့ ရပါတယ်” ဟု Investment Director Mr.Dylan က ပြောကြားသည်။

ထို့ပြင် အိမ်ရာစီမံကိန်းတွင် အဆင့်မြင့် စျေးဝယ်စင်တာနှင့် ဆိုင်ခန်းများ (စုစုပေါင်း စတုရန်းပေ သုံးသိန်းခန့်) နှင့် အဆင့်မြင့် ရေကူးကန် နှစ်ကန် ပါဝင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ အိမ်ရာဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး ပြုပြင်စိုက်ပျိုးထားသည့် ဥယျာဉ်ပန်းခြံတွင် အများပြည်သူ အပန်းဖြေနိုင်ရန် ဖွင့်လှစ်ပေးထားကြောင်းလည်း သိရသည်။

Emerald Bay အဆင့်မြင့်ကွန်ဒိုမီနီယံ အိမ်ရာပြပွဲကို သီတင်းကျွတ်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပြပွဲတွင် ဝယ်ယူသူများ အနေဖြင့် အိမ်ရာဝန်ဆောင်မှု နှစ်နှစ်အခမဲ့၊ ဝယ်ယူသည့် အခန်းအမျိုးအစားအလိုက် အမေရိကန်ဒေါ်လာ ၁၅၀၀ မှ ၃၀၀၀ သို့မဟုတ် စင်ကာပူနှင့် ဘန်ကောက်သို့ စရိတ်ငြိမ်း ခရီးစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

Emerald Bay အဆင့်မြင့်ကွန်ဒိုမီနီယံ စီမံကိန်းအား Yangon Golden Paragon Investment Company Limited မှ ဖော်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent