အိန္ဒိယနိုင်ငံ၌ပြုလုပ်မည့် Myanmar Film Festival တွင် ‘ဥပါဒါန်’ ရုပ်ရှင်ဇာတ်ကား ပြသခွင့်ရရှိမည်

အိန္ဒိယနိုင်ငံ၌ပြုလုပ်မည့် Myanmar Film Festival တွင် ‘ဥပါဒါန်’ ရုပ်ရှင်ဇာတ်ကား ပြသခွင့်ရရှိမည်
Published 30 September 2019

အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင်ပြုလုပ်မည့်  Myanmar Film Festival တွင် ‘ဥပါဒါန်’ ရုပ်ရှင်ဇာတ်ကားအား ပြသခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

Myanmar Film Festival အား အောက်တိုဘာ ၉ ရက်မှ ၁၀ ရက်အထိပြုလုပ်မည်ဖြစ်ကာ မြန်မာရုပ်ရှင် ဇာတ်ကားများအားရွေးချယ်ပြသမည်ဖြစ် ကြောင်းသိရသည်။

‘ဥပါဒါန်’ ရုပ်ရှင်ဇာတ်ကားမှာ ဗုဒ္ဓတရားတော်တွင် ဟောကြားထားသည့် အဆုံးအမများအား အခြေခံကာ လူသားတို့တွင်ဖြစ်တတ်သည့် အယူလွဲမှားမှုများ အကြောင်းကိုပုံဖော်ထားခြင်းဖြစ်သည်။ ဥပါဒါန် ရုပ်ရှင်ဇာတ်ကားမှာ ထိုင်းနိုင်ငံတွင်ပြုလုပ်သည့် မြန်မာရုပ်ရှင်ပွဲတော်တွင်လည်း ပြသခွင့်ရရှိပြီးနောက် ယခုအခါအိန္ဒိယနိုင်ငံတွင် ပြုလုပ်မည့်ရုပ်ရှင်ပွဲတော်၌ပြသရန်ရွေးချယ်ထားခြင်းဖြစ်သည်။

ဥပါဒါန်ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်ခိုင်ထူးသာ၊ ဇာတိ၊ နန်းဆုဦး၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ အကယ်ဒမီချိုပြုံး နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားသည်။ ယင်းဇာတ်ကားတွင်သံဃာတော်များအား ယုံကြည်ကိုးကွယ်သူ ငယ်ရွယ်သည့်မိန်းက လေးငယ်တစ်ဦးမှာ သံဃာတော်တစ်ပါးအား သဒ္ဓါတရား လွန်ကဲထက်သန်မှုကြောင့် ပတ်ဝန်းကျင်မှအမြင်မသင့်ဖြစ်သဖြင့် အဆိုပါသံ ဃာမှာကျောင်းတိုက်မှထွက်ခွာသွားရာတွင် ယင်းမိန်းကလေးမှာလည်း စိတ်မကောင်းဖြစ် ကြေကွဲကာ သေဆုံးခဲ့ရပြီး သေဆုံးခါနီးအချိန်တွင် အယူစွဲတစ်ခုဖြင့် ဆုတောင်းမှားခဲ့ခြင်းကြောင့် မြွေဝင်စားဘဝနှင့် ယင်းသံဃာ၏ တရားကျင့်ကြံရာခရီးလမ်းတွင် ပါရမီဖြည့် ဆည်းရပုံကို ပုံဖော်ထားခြင်းဖြစ်သည်။

ဥပါဒါန်ရုပ်ရှင်ဇာတ်ကားမှာ ဘာသာတရားကို အခြေခံကာ သတိပြုလိုက်နာသင့်သည့်အကြောင်းတရားကို လမ်းညွှန်ထားသည့်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်အကြောင်းအရာကို ပုံဖော်ထားသည့်ဇာတ် ကားလည်း ဖြစ်သည်။ ယင်းဇာတ်ကားမှာ ရုံတင်ပြသစဉ်ကတည်းကပင် ပရိသတ်စိတ်ဝင် စားအားပေးမှုများပြားသည့် ဇာတ်ကားတစ်ကားဖြစ်ခဲ့သည်။

 

Most Read

Most Recent