နှစ်ဖက်တိုက်ပွဲရပ်ဆိုင်းထားသော်လည်း ရှမ်းမြောက်ဒေသအချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကိုးကန့်၊ တအာင်းနှင့် ရခိုင်ဒေသတွင် စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ကြေညာချက်ထုတ်ပြန်

နှစ်ဖက်တိုက်ပွဲရပ်ဆိုင်းထားသော်လည်း ရှမ်းမြောက်ဒေသအချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကိုးကန့်၊ တအာင်းနှင့် ရခိုင်ဒေသတွင် စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ကြေညာချက်ထုတ်ပြန်
Published 15 September 2019

နှစ်ဖက်တိုက်ပွဲများ ရပ်ဆိုင်းထားသော် လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ရှိ ဒေသအချို့တွင် တပ်မတော်နှင့် တအာင်း အဖွဲ့ (TNLA) အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ် ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရခိုင်ဒေသတို့တွင် စစ်ရေးပဋိ ပက္ခပိုမိုပြင်းထန်လာနိုင်ကြောင်း စက်တင်ဘာ ၁၄ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

ကျိုင်းတုံဆွေးနွေးပွဲပြီးနောက် တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပြီး ငြိမ်း ချမ်းရေးလုပ်ငန်းများ ပိုမိုလက်တွေ့ကျစွာ ဖော်ဆောင်နိုင်ရန်အတွက် ညီနောင်မဟာ မိတ်သုံးဖွဲ့က စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တစ်လတာ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း စက် တင်ဘာ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန် ခဲ့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်မတိုင်မီ သြဂုတ် ၃၁ ရက်တွင် တပ်မတော်က စက်တင်ဘာ ၁ ရက်မှ ၂၁ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေငါးခုတွင် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းသည့် သက်တမ်းကို ၂၁ ရက် တိုးမြှင့်ပေးခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ကြေညာချက်တွင် ပါရှိသည်။

တပ်မတော်၏ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းကြောင်း ကြေညာချက်နှင့် ညီနောင် မဟာမိတ်သုံးဖွဲ့၏ တစ်လတာ အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ချက်အသီးသီး ကြေ ညာထားသည့်ကာလတွင် တိုက်ပွဲများ ရပ် ဆိုင်းပြီး ပြည်သူလူထု စစ်ဘေးဒဏ်မှ ကင်း ဝေးစေရမည့်အစား တပ်မတော်က လေ ကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများ အပါအဝင် အင်အားအလုံးအရင်းဖြင့် ညီ နောင်မဟာမိတ်သုံးဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသဖြင့် နှစ် ဖက်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိသည် ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရခိုင်ပြည်နယ်တို့တွင် တပ်မတော်က လူ၊ လက်နက်စစ်အင်အားများကို လိုအပ်သည် ထက် ပြင်ဆင်ဖြည့်တင်းထားသောကြောင့် စစ်ရေးပဋိပက္ခမှာ ပိုမိုပြင်းထန်လာနိုင်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှု ဖြင့် စက်တင်ဘာ ၁၇ ရက်တွင် ကျိုင်းတုံမြို့၌ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ညှိနှိုင်းနေဆဲကာလတွင် တပ်မတော်က ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှု ရပ်စဲကြောင်း ကြေညာချက်ကို မလိုက်နာဘဲ ညီနောင်မ ဟာမိတ်သုံးဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်နေ သောကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အပစ် အခတ်ရပ်စဲပြီးနောက် ရရှိထားသော တည်ငြိမ်မှုအခြေအနေများကို ထိခိုက်စေနိုင်ပြီး ပိုမိုဆိုးရွားနိုင်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်သော်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ တောင်ရိုးစေတီတောင်ကုန်းပေါ်တွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော တပ်မတော် နှင့် TNLA အဖွဲ့တို့၏ တိုက်ပွဲများမှာ TNLA အဖွဲ့က အဆိုပါတောင်ကုန်းတွင် လာရောက် တပ်စွဲခြင်းကြောင့်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စက်တင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ပြောကြားသည်။

တောင်ရိုးစေတီတောင်ကုန်းသည် နမ့် ဆန်မြို့နှင့် မီတာ ၅၀၀၀ ခန့်အကွာတွင် တည်ရှိပြီး အဆိုပါတောင်ကုန်းပေါ်မှနေ၍ နမ့်ဆန်မြို့အတွင်းရှိ  အစိုးရအုပ်ချုပ်ရေး ယန္တရားများကို နှောင့်ယှက်ပစ်ခတ်လာနိုင်သည့်အတွက် တပ်မတော်က လိုအပ်သည့် အင်အားများအသုံးပြု၍ တိုက်ခိုက်ရခြင်းဖြစ် ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 

Most Read

Most Recent