၂၀၁၈-၂၀၁၉ ရာသီတွင် ရီးယဲလ်အသင်း ကလပ်ကမ္ဘာ့ဖလားတစ်လုံးသာရရှိသော်လည်းဝင်ငွေ ယူရို ၇၅၇.၃ သန်းရရှိပြီး အမြတ်ငွေ ယူရို ၁၅၅ သန်းဖြင့် စံချိန်တင်

၂၀၁၈-၂၀၁၉ ရာသီတွင် ရီးယဲလ်အသင်း ကလပ်ကမ္ဘာ့ဖလားတစ်လုံးသာရရှိသော်လည်းဝင်ငွေ ယူရို ၇၅၇.၃ သန်းရရှိပြီး အမြတ်ငွေ ယူရို ၁၅၅ သန်းဖြင့် စံချိန်တင်
Photos: Getty Images
Photos: Getty Images
Published 1 September 2019

ယင်းပမာဏမှာ ၂၀၁၇- ၂၀၁၈ ရာသီဝင်ငွေထက် ၀.၈ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင်ပြုလုပ်မည့် နှစ်ပတ်လည်အထွေထွေအစည်းအဝေး၌ အတည်ပြုထုတ်ပြန်မည် ဖြစ်သည်။ ရီးယဲလ် အသင်းအနေဖြင့် စံချိန်တင်အဖြစ် အမြတ်ငွေ ၁၅၅ သန်းရရှိခဲ့သောကြောင့် ယခုရာသီ အတွက် အသုံးစရိတ်ဘတ်ဂျက်မှာလည်း ယူရို ၈၂၂.၂ သန်းအထိ မြင့်တက်လာကြောင်း သိရသည်။

 

ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ရာသီတွင် အောင်မြင်မှုကြီးကြိးမားမားမရဘဲ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုသာ ရယူနိုင်ခဲ့သော်လည်း ဝင်ငွေ ယူရို ၇၅၇.၃ သန်းရရှိပြီး အမြတ်ငွေမှာလည်း ယူရို ၁၅၅ သန်းဖြင့် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် ၂၀၁၈- ၂၀၁၉ ရာသီ လာလီဂါပြိုင်ပွဲတွင် အဆင့် (၃)၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၁၆ သင်းရှုံးထွက်အဆင့်၊ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်နှင့် ဥရောပစူပါဖလား ပြိုင်ပွဲတွင် ဒုတိယရရှိခဲ့ပြီး ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းတွင်သာ ချန်ပီယံဖလား ဆွတ်ခူးရယူနိုင်ခဲ့သည်။ ရီးယဲလ်အသင်းအနေဖြင့် ကွင်းတွင်းအောင်မြင်မှုမရခဲ့သော်လည်း စပွန်ဆာစာချုပ်များ၊ ရုပ်သံ ထုတ်လွှင့်ခွင့်နှင့် အမှတ်တရပစ္စည်း ရောင်းချရမှုမှတစ်ဆင့် ဝင်ငွေများစွာ  ရရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွက် ယူရို ၇၅၇.၃ သန်း ရရှိခဲ့သည်။ 

ယင်းပမာဏမှာ ၂၀၁၇- ၂၀၁၈ ရာသီဝင်ငွေထက် ၀.၈ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင်ပြုလုပ်မည့် နှစ်ပတ်လည်အထွေထွေအစည်းအဝေး၌ အတည်ပြုထုတ်ပြန်မည် ဖြစ်သည်။ ရီးယဲလ် အသင်းအနေဖြင့် စံချိန်တင်အဖြစ် အမြတ်ငွေ ၁၅၅ သန်းရရှိခဲ့သောကြောင့် ယခုရာသီ အတွက် အသုံးစရိတ်ဘတ်ဂျက်မှာလည်း ယူရို ၈၂၂.၂ သန်းအထိ မြင့်တက်လာကြောင်း သိရသည်။

ထို့အပြင် အခွန်ဆောင်ပြီးနောက် အမြတ်ငွေမှာ ယူရို ၃၈.၄ သန်းရှိပြီး ချန်ပီယံလိဂ်ဖလားရရှိခဲ့သည့် ၂၀၁၇-၂၀၁၈ ရာသီထက် ၂၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။ ရီးယဲလ်အသင်းသည် အောင်မြင်မှု မရသော်လည်း ဝင်ငွေမြင့်တက်လာသောကြောင့် ဗြိတိန်အခြေစိုက် Deloitte စာရင်းအင်း ကုမ္ပဏီက ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး ကလပ်အသင်းများစာရင်းတွင် ထိပ် ဆုံးနေရာ ပြန်လည်ရယူနိုင်ခဲ့သည်။ 

ရီးယဲလ်အသင်းအနေဖြင့် ဝင်ငွေအကောင်းဆုံးစာရင်းတွင် ၂၀၁၆ ခုနှစ်နောက်ပိုင်း ထိပ်ဆုံးနေရာ ပြန်လည်ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ရီးယဲလ်အသင်း၏နောက်တွင် လာလီဂါပြိုင်ဘက် ဘာစီလိုနာအသင်း က ယူရိုသန်း ၆၉၀ ဖြင့် ဒုတိယ၊ မန်ယူအသင်းက ယူရို ၆၆၆ သန်း ဖြင့် တတိယ၊ ဘိုင်ယန်မြူးနစ်အသင်း က ယူရို ၆၂၉ သန်းဖြင့် စတုတ္ထ၊ မန်စီးတီးအသင်းက ယူရို ၅၆၈ သန်းဖြင့် ပဥ္စမနေရာ ရပ်တည်လျက်ရှိသည်။

ထို့အပြင် အမေရိကန်အခြေစိုက် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ်အတွက် တန်ဖိုးအမြင့်ဆုံး ဘောလုံးကလပ်အသင်း စာရင်းတွင်လည်း ရီးယဲလ်အသင်းက ထိပ်ဆုံးနေရာ ပြန်လည်ရယူနိုင် ခဲ့ကြောင်း သိရသည်။ ရီးယဲလ်အသင်းသည် ယူရို ၄.၂၃ ဘီလျံဖြင့် တန်ဖိုးအမြင့်ဆုံးသတ်မှတ်ခံရခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းက ယူရို ၄.၀၂ ဘီလျံဖြင့် ဒုတိယ၊ မန်ယူအသင်းက ယူရို ၃.၈၀ ဘီလျံ ဖြင့် တတိယ၊ ဘိုင်ယန်မြူးနစ်အသင်း က ယူရို ၃.၀၂ ဘီလျံဖြင့် စတုတ္ထ၊ မန်စီးတီးအသင်းက ယူရို ၂.၆၈ ဘီလျံဖြင့် ပဥ္စမ၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်နှင့် စပါးအသင်းက အဆင့် (၆) မှ (၉) အထိ အစဉ်လိုက် ရပ်တည်နေသည်။

 

Most Read

Most Recent