မြောက်ကိုရီးယားတိုက်စစ်မှူး ဟန်ကွမ်ဆွန်းကို ဂျူဗင်တပ်စ်အသင်းခေါ်ယူရန် နီးစပ်နေ

မြောက်ကိုရီးယားတိုက်စစ်မှူး ဟန်ကွမ်ဆွန်းကို ဂျူဗင်တပ်စ်အသင်းခေါ်ယူရန် နီးစပ်နေ
Photos: Getty Images
Photos: Getty Images
Published 1 September 2019

အသက် ၂၁ နှစ်သာရှိသေးသည့် ဟန်ကွမ်ဆွန်းသည် ပြုံယမ်း မြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး စီးရီးအေ ပြိုင်ပွဲတွင်ကစားဖူးသည့် ပထမဆုံး မြောက်ကိုရီးယားဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ထားသည်။ 

 

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် မြောက်ကိုရီးယားလက်ရွေးစင်တိုက်စစ်မှူး ဟန်ကွမ်ဆွန်းကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် နီးစပ်နေကြောင်း သိရသည်။

အသက် ၂၁ နှစ်သာရှိသေးသည့် ဟန်ကွမ်ဆွန်းသည် ပြုံယမ်း မြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး စီးရီးအေ ပြိုင်ပွဲတွင်ကစားဖူးသည့် ပထမဆုံး မြောက်ကိုရီးယားဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ထားသည်။ 

၎င်းသည် ၂၀၁၅ ခုနှစ်က ကာဂလီယာရီအသင်း၌ ခြေစွမ်းပိုင်းစမ်းသပ်မှု အောင်မြင်ပြီးနောက် အကယ်ဒမီတွင် တက်ရောက်ခွင့်ရခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီတွင် ပထမဆုံးအကြိမ် လူစားလဲဝင်ရောက်ကစားခွင့်ရခဲ့သည်။

ဟန်ကွမ်ဆွန်းသည် ၂၀၁၇-၂၀၁၈ နှင့် ၂၀၁၈-၂၀၁၉ ရာသီတွင် စီးရီဘီကလပ် ပီရူးဂျီယာအသင်း၌ အငှား သွားရောက်ကစားခဲ့ပြီး ပထမရာသီ တွင် ၁၉ ပွဲကစား ခုနစ်ဂိုးနှင့် ဒုတိယ ရာသီတွင် ပွဲ ၂၀ ကစား လေးဂိုးသွင်း ယူပေးခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းသည် ၎င်းအား စီနီယာအသင်းနှင့် လေ့ကျင့်ခွင့်ပြုမည်ဖြစ်သော်လည်း ယူ-၂၃ အသင်းအတွက် ရည်ရွယ်ခေါ်ယူခြင်းဖြစ်ကြောင်း Gazzetta dello Sport အားကစားသတင်းစာက ဖော်ပြခဲ့သည်။

 

Most Read

Most Recent