နည်းဗျူဟာပိုင်းဆိုင်ရာ လေ့ကျင့်မှုများတွင် ပါဝင်ခွင့်မရခြင်းအပါအဝင်ခွဲခြားဆက်ဆံမှုများအတွက် ယူရို ၁.၅ သန်းရရှိရန် အီကာဒီ တရားစွဲဆို

နည်းဗျူဟာပိုင်းဆိုင်ရာ လေ့ကျင့်မှုများတွင် ပါဝင်ခွင့်မရခြင်းအပါအဝင်ခွဲခြားဆက်ဆံမှုများအတွက် ယူရို ၁.၅ သန်းရရှိရန် အီကာဒီ တရားစွဲဆို
Photos: Getty Images
Photos: Getty Images
Published 1 September 2019

အီကာဒီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံရပြီးကတည်းက အသင်းနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်နေသလို ယခုနွေရာသီတွင် စတင်ကိုင်တွယ်သည့် နည်းပြ ကွန်တီကလည်း အနာဂတ်အစီအစဉ်များတွင် ၎င်းပါဝင်ခြင်း မရှိကြောင်း အတိအလင်းပြောကြားထားသည်။ 

 

အင်တာမီလန်အသင်းတိုက်စစ်မှူး အီကာဒီသည် နည်းဗျူဟာပိုင်းဆိုင်ရာ လေ့ကျင့်မှုအစီအစဉ်များတွင် ပါဝင်ခွင့်မရခြင်းအပါ အဝင် ခွဲခြားဆက်ဆံခံရမှုများအတွက် နစ်နာကြေး ယူရို ၁.၅ သန်းရရှိရန် တရားစွဲဆို ထားကြောင်း သိရသည်။

အီကာဒီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခံရပြီးကတည်းက အသင်းနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်နေသလို ယခုနွေရာသီတွင် စတင်ကိုင်တွယ်သည့် နည်းပြ ကွန်တီကလည်း အနာဂတ်အစီအစဉ်များတွင် ၎င်းပါဝင်ခြင်း မရှိကြောင်း အတိအလင်းပြောကြားထားသည်။ 

ထို့အပြင် အီကာဒီသည် မန်ယူအသင်းမှ ပြောင်းရွှေ့လာသည့် လူကာကူကို နံပါတ် ၉ ဝတ်ဆင်ရန် ခွင့်ပြုရခြင်း၊ ဂျာစီကြော်ငြာ ရိုက်ကူးမှုနှင့် အခြားကြော်ငြာလုပ်ငန်းအစီ အစဉ်များတွင် ဖယ်ရှားခံရခြင်း၊ အသင်းနှင့် အတူ လေ့ကျင့်ခွင့်ရသော်လည်း နည်းဗျူဟာပိုင်းဆိုင်ရာ လေ့ကျင့်မှုအစီအစဉ်များတွင် ပါဝင်ခွင့်မရခြင်း၊ အသင်းသားအားလုံးအသုံး ပြုနေသည့် WhatsApp Group မှ ဖယ်ရှားခံရခြင်း၊ အသင်း၏ ညစာစားပွဲတွင် တစ်ဦးတည်းချန်လှပ်ခံရခြင်း စသည့်အချက်များကြောင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။ 

အီကာဒီနှင့် ၎င်း၏အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် ဇနီးဖြစ်သူ ဝန်ဒါနာရာက လေ့ကျင့်မှုအစီအစဉ်များတွင် အပြည့်အဝပြန်လည်ပါဝင်ခွင့်ပြုရန်နှင့် ခွဲခြားဆက်ဆံခံရခြင်းများအတွက် နစ်နာကြေး ယူရို ၁.၅ သန်းရရှိရန် တောင်းဆိုထားကြောင်း အီတလီနိုင်ငံထုတ် Corriere dello Sport သတင်းစာနှင့် Football Italia သတင်းဌာနက ဖော်ပြခဲ့သည်။

အင်တာမီလန်အသင်းသည် အီကာဒီကို မိုနာကိုအသင်းထံ ယူရို ၆၅ သန်းဖြင့်ရောင်းချရန် သဘောတူထားသော်လည်း ၎င်းက လက်မခံသဖြင့် ကြန့်ကြာနေကြောင်း သိရသည်။

 

Most Read

Most Recent