ဘွန်ဒစ်လီဂါပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်
Published 31 August 2019

ဘိုင်ယန်မြူးနစ် နှင့် မိန့်ဇ် (စနေည ၈းဝ၀ နာရီ)

မိန့်ဇ်အသင်း (၂)ပွဲဆက်ဂိုးပြတ်ရှုံးထားပြီး ဇယားအောက်ဆုံးအထိ ရောက်နေပါတယ်။ ဒီလိုအသင်းမျိုးကို လီဝန်ဒေါစကီး ဂိုးမြူးနေတဲ့ ဘိုင်ယန်တိုက်စစ်က ဂိုးပြတ်သွင်းဖို့မခက်ပါဘူး။ ဘိုင်ယန်ကိုပဲ ကြိုက်တယ်။

လေဗာကူဆင် နှင့် ဟော်ဖန်ဟင်မ် (စနေည ၈းဝ၀ နာရီ)

လေဗာကူဆင်အသင်း နိုင်ပွဲဆက်ထားပေမယ့် အသင်းရဲ့ ခံစစ်ကြောင်းက သိပ်စိတ်မချရပါဘူး။ လေဗာကူဆင် ဂိုးပြတ်နိုင်ဖို့ခက်မယ်။

ဝုလ်ဖ်ဘတ် နှင့် ပါဒါဘွန်း (စနေည ၈းဝ၀ နာရီ)

ပါဒါဘွန်းအသင်း (၂)ပွဲဆက်အရေးနိမ့်ထားပေမယ့် တန်းတက်အသင်းတစ်သင်းရဲ့ရုန်းကန်မှုကိုတော့ စောင့်ကြည့်သင့်ပါတယ်။ ပါဒါဘွန်း ဂိုးပြတ်မရှုံးနိုင်ဘူး။

ဖရိုင်းဘတ် နှင့် ကိုလုံး (စနေည ၈းဝ၀ နာရီ)

ဖရိုင်းဘတ်က ရာသီအစမှာ မထင်မှတ်ဘဲ တာထွက်ကောင်းနေပါတယ်။ ကိုလုံး ရုန်းကန်လာဖို့ရှိပေမယ့် ဖရိုင်းဘတ်အသင်း အနိမ့်ဆုံးသရေကစားလိမ့်မယ်။

ရှော်လ်ကေး နှင့် ဟာသာဘာလင် (စနေည ၈းဝ၀ နာရီ)

ဟာသာဘာလင်အနေနဲ့ ပြီးခဲ့တဲ့ရာသီကလိုပဲ အတက်အကျများလွန်းမယ့်အနေအထားရှိပါတယ်။ ရှော်လ်ကေးပဲ အနိုင်ရဖို့များတယ်။

အွန်ယွန်းဘာလင် နှင့် ဒေါ့မွန် (စနေည ၁၁းဝ၀ နာရီ)

ကိုလုံးအသင်းကို နောက်ကျဂိုးတွေကြောင့် အနိုင်ရခဲ့တဲ့ ဒေါ့မွန်ရဲ့အဝေးကွင်းအနေအထားကို ထည့်တွက်သင့်ပါတယ်။ အွန်ယွန်းဘာလင်နဲ့ပဲ စွန့်စားသင့်တယ်။

Most Read

Most Recent