စပိန်လာလီဂါပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်(၃) ပွဲကြိုသုံးသပ်ချက်
Photo : Barcelona Facebook
Photo : Barcelona Facebook
Published 31 August 2019

အိုဆာဆူနာ နှင့် ဘာစီလိုနာ (စနေည ၉း၃၀ နာရီ)

ဘက်တစ်နဲ့ပွဲမှာ တိုက်စစ်ပိုင်းလူမစုံပေမယ့် (၅)ဂိုးသွင်းနိုင်ခဲ့လို့ ဘာစီလိုနာအတွက် ကျေနပ်စရာပါပဲ။ ဒါပေမဲ့ အခုကစားရမှာက အဝေးကွင်းဖြစ်နေတယ်။ ဒီပွဲမှာလည်း ဘာစီလိုနာတိုက်စစ် လူမစုံနိုင်သေးရင် သွင်းဂိုးတွေရဖို့ ဆက်ပြီးမျှော်လင့်လို့ရမလားဆိုတာ စဉ်းစားစရာပါပဲ။ ဘာစီလိုနာဟာ ပွဲဦးထွက် ဘီလ်ဘာအိုနဲ့ အဝေးကွင်းပွဲမှာလည်း တစ်ဂိုးမှ မသွင်းနိုင်ခဲ့ဘူး။ အခုရင်ဆိုင်ရမယ့် အိုဆာဆူနာကလည်း ပြီးခဲ့တဲ့ (၂)ပွဲစလုံး ဂိုးမပေးရအောင် ကစားထားနိုင်တဲ့အသင်းဆိုတော့ အခုပွဲမှာလည်း ဘာစီလိုနာတိုက်စစ် ဂိုးလွယ်လွယ်ရနိုင်မယ့်ပုံမရှိပါဘူး။ နောက်ပြီး နည်းပြ ဗယ်လ်ဗာဒီဟာ အသင်းကွင်းလယ်ပိုင်းကိုလည်း စမ်းသပ်ဆဲပုံစံမျိုး တွေ့နေရသေးပြီး ပုံမှန်မဟုတ်သေးတဲ့ လူထုတ်ပုံတွေအောက်မှာ ဘာစီလိုနာရဲ့ ကွင်းလယ်ကစားပုံက အတက်အကျရှိနေသေးတယ်။ အိုဆာဆူနာကလည်း သူတို့အားသာတဲ့ခံစစ်ကိုပဲ အားပြုကစားမှာ သေချာနေလို့ ဘာစီလိုနာတိုက်စစ်အတွက် ခက်ခဲမှာပါ။ ဘာစီလိုနာ နိုင်ရင်တောင် ဂိုးနည်းနိုင်တဲ့ပွဲမျိုးလို့ပဲ ထင်တယ်။

ဂီတာဖေး နှင့် အလာဗတ်စ် (စနေည ၁၁း၃၀ နာရီ)

ခံစစ်ပိုင်းအားသန်ကြတဲ့ ဒီနှစ်သင်းရဲ့ပွဲမှာ သွင်းဂိုးတွေ တော့ သိပ်မြင်ရမယ်မထင်ဘူး။ အလာဗတ်စ်က အဝေးကွင်း အားနည်းပြီး ဂီတာဖေးက အိမ်ကွင်းအားနဲ့ ကစားတတ်တဲ့အ သင်းဖြစ်နေတာကိုကြည့်ရင် ဒီပွဲက ဂီတာဖေးရဲ့ပွဲဖြစ်သွားဖို့ များနေတယ်။ ဂိုးတော့ နည်းမယ်။

လီဗန်တေး နှင့် ဗယ်လာဒိုလစ် (စနေည ၁၁း၃၀ နာရီ)

ဗယ်လာဒိုလစ်ကတော့ ရာသီအဖွင့် အဝေးကွင်း(၂)ပွဲစ လုံး ရလဒ်ကောင်းထားတယ်။ ဘက်တစ်ကို နိုင်၊ ရီးယဲလ်မက်ဒရစ်ကို သရေကစားထားတဲ့ ဗယ်လာဒိုလစ်ရဲ့ အဝေးကွင်းကစားအားက အံ့အားသင့်စရာဆိုပေမယ့် အိမ်ကွင်းမှာဆိုရင် မာမာထန်ထန်နဲ့ ကစားနိုင်တဲ့ လီဗန်တေးနဲ့အတွေ့မှာတော့ ဗယ်လာဒိုလစ်တို့ ဆက်ပြီးတောင့်ခံနိုင်ပါ့ဦးမလားဆိုတာ စဉ်းစားစရာပါပဲ။ အိမ်ကွင်းအားနဲ့ကစားနိုင်တဲ့ လီဗန်တေးကိုပဲ ကြိုက်တယ်။ ဂိုးလည်း များသွားနိုင်တယ်။

ဘက်တစ် နှင့် လီဟာနက်စ် (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)

အဖွင့်ပွဲ (၂)ပွဲစလုံးရှုံးထားတဲ့ (၂)သင်းထိပ်တိုက်တွေ့မယ့် ပွဲပါပဲ။ လက်ရှိခြေစွမ်းတွေအရတော့ အိမ်ရှင်ဘက်တစ်က သိသိသာသာအသာရနေတယ်။ ဒီပွဲလည်း ပထမဆုံးနိုင်ပွဲယူမယ့် အိမ်ရှင်ဘက်တစ်နဲ့ ဂိုးအနည်းပဲရွေးထားလိုက်တယ်။

Most Read

Most Recent