စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ခြင်း၏ အကျိုးရလဒ်အဖြစ် Instagram တွင် ဂျူဗင်တပ်စ်အသင်း Followers တတိယအများဆုံး ဖြစ်လာ

စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ခြင်း၏ အကျိုးရလဒ်အဖြစ် Instagram တွင် ဂျူဗင်တပ်စ်အသင်း Followers တတိယအများဆုံး ဖြစ်လာ
Photos: Getty Images & Instagram
Photos: Getty Images & Instagram
Published 30 August 2019

ဂျူဗင်တပ်စ်အသင်းသည် ကမ္ဘာကျော်ကစားသမား စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ခြင်း၏ အကျိုးရလဒ်အဖြစ် လူမှုကွန်ရက် Instagram  ၌ Followers အရေအတွက် တတိယအများဆုံးဘောလုံးအသင်းဖြစ်လာခဲ့ကြောင်း သိရှိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ကမ္ဘာကျော်ကစားသမား စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ခြင်း၏ အကျိုးရလဒ်အဖြစ် လူမှုကွန်ရက် Instagram  ၌ Followers အရေအတွက် တတိယအများဆုံးဘောလုံးအသင်းဖြစ်လာခဲ့ကြောင်း သိရှိရသည်။

    

ဂျူဗင်တပ်စ်အသင်းသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက Instagram တွင် Followers အရေအတွက် (၉.၅)သန်း သာရှိခဲ့ရာမှ စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ပြီးနောက်ပိုင်း တောက်လျှောက်တိုးတက်လာခဲ့သည်။ 

ယခုအခါ Followers ပေါင်း(၃၁.၁)သန်းအထိ ရှိလာပြီး ယခင်က တတိယနေရာတွင် ရပ်တည်နေသော မန်ယူအသင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ဂျူဗင်တပ်စ်အသင်းအနေဖြင့် ယခုကဲ့သို့ Followers များ တိုးပွားလာခြင်းမှာ စီရော်နယ်လ်ဒို၏ အမာခံပရိသတ်များက လိုက်ပါအားပေးခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ 

စီရော်နယ်လ်ဒိုသည် Instagram တွင် Followers အများဆုံးပိုင်ဆိုင်ထားသူဖြစ်ပြီး စုစုပေါင်း (၁၈၁)သန်းရှိကြောင်း သိရသည်။

    

လက်ရှိအချိန်တွင် ဘောလုံးအသင်းများထဲ၌ Followers အများဆုံးအဖြစ် ရပ်တည်နေသည်မှာ ရီးယဲလ်မက်ဒရစ်အသင်းဖြစ်ပြီး (၇၇.၆)သန်း ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ 

ဒုတိယနေရာတွင် ဘာစီလိုနာအသင်းက Followers  (၇၆.၄)သန်း ဖြင့်ရပ်တည်နေသည်။ 

ယင်းနှစ်သင်းမှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကတည်းက ဦးဆောင်နေခဲ့ခြင်း ဖြစ်သော်လည်း တစ်နှစ်တာကာလအတွင်း Followers သန်း(၂၀)ကျော်စီ တိုးပွားလာခဲ့ကြောင်း သိရှိရသည်။ 

မန်ယူအသင်းမှာလည်း (၁၀)သန်းနီး ပါးတိုးပွားပြီး Followers (၃၁)သန်း ဖြစ်လာသော်လည်း စတုတ္ထနေရာ ရောက်ခဲ့ရသည်။

 

Most Read

Most Recent