ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲနှင့် အကောင်းဆုံးဆုပေးပွဲအခမ်းအနား  သြဂုတ် ၂၉ ရက်(မနက်ဖြန်) ကျင်းပမည်

ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲနှင့် အကောင်းဆုံးဆုပေးပွဲအခမ်းအနား  သြဂုတ် ၂၉ ရက်(မနက်ဖြန်) ကျင်းပမည်
Photos: Getty Images
Photos: Getty Images
Published 28 August 2019

မဲခွဲပွဲအခမ်းအနားကို မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲတွင်ပြုလုပ်မည်ဖြစ်ပြီး Play off အဆင့်ခြေစစ်ပွဲမှ တက်ရောက်လာသည့် ခြောက်သင်းနှင့် အုပ်စုအဆင့်တိုက်ရိုက်ယှဉ် ပြိုင်ခွင့်ရထားသည့် ၂၆ သင်းကို လေးသင်း တစ်အုပ်စုဖြင့် ရှစ်အုပ်စုခွဲခြားထားမည်ဖြစ်သည်။ 

၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲနှင့် အကောင်းဆုံးကစားသမားဆု ချီးမြှင့်ပွဲအခမ်းအနားကို မိုနာကိုမြို့၌ သြဂုတ် ၂၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မဲခွဲပွဲအခမ်းအနားကို မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲတွင်ပြုလုပ်မည်ဖြစ်ပြီး Play off အဆင့်ခြေစစ်ပွဲမှ တက်ရောက်လာသည့် ခြောက်သင်းနှင့် အုပ်စုအဆင့်တိုက်ရိုက်ယှဉ် ပြိုင်ခွင့်ရထားသည့် ၂၆ သင်းကို လေးသင်း တစ်အုပ်စုဖြင့် ရှစ်အုပ်စုခွဲခြားထားမည်ဖြစ်သည်။ 

အုပ်စုအဆင့်မဲခွဲရာတွင် လက်ရှိချန်ပီယံ လီဗာပူးလ်၊ ယူရိုပါလိဂ်ချန်ပီယံ ချယ်လ်ဆီးနှင့် လိဂ်အဆင့်သတ်မှတ်ချက်အမြင့်ဆုံး လိဂ်ခြောက်ခု၏ ချန်ပီယံများဖြစ်သည့် ဘာစီလိုနာ၊ မန်စီးတီး၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်၊ PSG၊ ဇင်းနစ်အသင်းတို့က ဦးစားပေးအဆင့် (၁) အဖြစ် သတ်မှတ်ခံထားရသည်။ 

အုပ်စုမဲခွဲပွဲနှင့်အတူ ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) ၏ အကောင်းဆုံးအမျိုးသားကစားသမားဆုနှင့် အမျိုးသမီးကစားသမားဆု၊ ၂၀၁၈-၂၀၁၉ ရာသီ အကောင်းဆုံး ရှေ့တန်းဆု၊ ကွင်းလယ်ဆု၊ နောက်တန်းဆု နှင့် ဂိုးသမားဆုများကိုလည်း ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent