စီးရီအေအဖွင့်ပွဲတွင်ဂိုးသွင်းခဲ့သည့် လူကာကူကို အင်တာမီလန်နည်းပြ ကွန်တီ ချီးကျူး

စီးရီအေအဖွင့်ပွဲတွင်ဂိုးသွင်းခဲ့သည့် လူကာကူကို အင်တာမီလန်နည်းပြ ကွန်တီ ချီးကျူး
Photos: Getty Images
Photos: Getty Images
Published 28 August 2019

ယင်းပွဲတွင် အင်တာမီလန်အသင်းသည်  ဘရိုဇိုဗစ်၊ ဆန်ဆီ၊ လူကာကူ၊ ကန်ဒရီဗာတို့၏သွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။ 

အင်တာမီလန်အသင်းနည်းပြ ကွန်တီက လက်ချီအသင်းအား (၄-၀)ဂိုးဖြင့် စီးရီးအေအဖွင့်ပွဲတွင် အသင်းအတွက် အနိုင်ဂိုး တစ်ဂိုးသွင်းယူပေးခဲ့သည့် တိုက်စစ်မှူး လူကာကူအား ချီးကျူးပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းပွဲတွင် အင်တာမီလန်အသင်းသည်  ဘရိုဇိုဗစ်၊ ဆန်ဆီ၊ လူကာကူ၊ ကန်ဒရီဗာတို့၏သွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။ 

"ကျွန်တော် အလွန်ပျော်ရွှင်မိသလို ကျေနပ်ပါတယ်။ ဒီလို စိတ်ဆန္ဒပြင်းပြတဲ့ ကစားသမားတွေနဲ့ အတူလက်တွဲရတာကို နှစ်သက်ပါတယ်။ ဒီညမှာ လူကာကူက သူ့ကို ကျွန်တော်တို့ ဘာကြောင့် ခက်ခက်ခဲခဲကြိုးစားခဲ့တာ လဲဆိုတာကို သက်သေပြခဲ့ပါတယ်။ လူကာကူဟာ အသင်းကမ္ဘာထဲကို အကောင်းဆုံးနည်းလမ်းနဲ့ ဝင်ရောက်လာသူပါ။ သူဟာ နူးညံ့သိမ်မွေ့တဲ့ ဘီလူးပါ။ ပြုံးနေတဲ့ ဘီလူးပေါ့။ သူဟာ အသင်းအတွက်ပေးဆပ်ဖို့ အ သင့်ရှိနေပါတယ်။ လူကာကူအတွက် ကုန်ကျခဲ့တာတွေကို မေ့ပစ်ဖို့မဟုတ်ဘဲ သူ့ရဲ့တန်ဖိုးက အဲ့ဒီတောင်မှ မကပါဘူး" ဟု ကွန်တီက ပြောကြားခဲ့သည်။

Most Read

Most Recent