ကနေဒါအမျိုးသမီးအသင်း ကစားသမား ၁၅ ဦးနှင့် နည်းပြအဖွဲ့ဝင်တစ်ဦး Common Goal ရန်ပုံငွေအဖွဲ့တွင် ပါဝင်လှူဒါန်း

ကနေဒါအမျိုးသမီးအသင်း ကစားသမား ၁၅ ဦးနှင့် နည်းပြအဖွဲ့ဝင်တစ်ဦး Common Goal ရန်ပုံငွေအဖွဲ့တွင် ပါဝင်လှူဒါန်း
Photos: Getty Images,Guardian
Photos: Getty Images,Guardian
Published 26 May 2019

Common Goal  ရန်ပုံငွေအဖွဲ့ကို မန်ယူအသင်း၏ စပိန်ကွင်းလယ်ကစားသမား မာတာက ပူးတွဲတည်ထောင်ထားခြင်းဖြစ်ပြီး မိမိတို့ရရှိနေသည့်လစာ၏ တစ်ရာခိုင်နှုန်းကို အလှူငွေအဖြစ်ကောက်ခံ၍ ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲနွမ်းပါးသော ဘောလုံးအသိုင်းအဝိုင်းသို့ ပြန်လည်လှူဒါန်းလျက်ရှိသည်။ ယင်းအဖွဲ့ကို ၂၀၁၇ ခုနှစ် သြဂုတ် ၄ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး သက်တမ်း နှစ်နှစ်နီးပါးကာလအတွင်း ပူးပေါင်း ပါဝင်လှူဒါန်းသူ ၁၀၀ ဝန်းကျင်ရှိလာပြီဖြစ်ကြောင်း သိရသည်။

 

၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကနေဒါအမျိုးသမီးအသင်း ကစားသမား ၁၅ ဦးနှင့် နည်းပြအဖွဲ့ဝင်တစ်ဦးသည် Common Goal ရန်ပုံငွေအဖွဲ့တွင် ပါဝင်လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

Common Goal  ရန်ပုံငွေအဖွဲ့ကို မန်ယူအသင်း၏ စပိန်ကွင်းလယ်ကစားသမား မာတာက ပူးတွဲတည်ထောင်ထားခြင်းဖြစ်ပြီး မိမိတို့ရရှိနေသည့်လစာ၏ တစ်ရာခိုင်နှုန်းကို အလှူငွေအဖြစ်ကောက်ခံ၍ ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲနွမ်းပါးသော ဘောလုံးအသိုင်းအဝိုင်းသို့ ပြန်လည်လှူဒါန်းလျက်ရှိသည်။ ယင်းအဖွဲ့ကို ၂၀၁၇ ခုနှစ် သြဂုတ် ၄ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး သက်တမ်း နှစ်နှစ်နီးပါးကာလအတွင်း ပူးပေါင်း ပါဝင်လှူဒါန်းသူ ၁၀၀ ဝန်းကျင်ရှိလာပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့အနက် ကနေဒါအမျိုးသမီးဘောလုံးအသင်းမှာ စီနီယာအသင်းကစားသမားအားလုံးလှူဒါန်းသည့် ပထမဆုံး နိုင်ငံတကာလက်ရွေးစင်အသင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။ ကနေဒါအမျိုးသမီး ကစားသမားများအနက် ဂိုးသမား မက်လော့ဒ်က ပထမဆုံးအဖြစ် ပြီးခဲ့သည့်ဖေဖော်ဝါရီတွင် စတင်လှူဒါန်းခဲ့ပြီး လက်ရှိအချိန်တွင် အသင်းဖော် ၁၅ ဦးနှင့် နည်းပြအဖွဲ့ဝင်တစ်ဦးပါ ပူးပေါင်းပါဝင်လာခြင်းဖြစ်သည်။

" Common Goal  အကြောင်းကြားလိုက်တဲ့အချိန်မှာ ကိုယ်တိုင်ရော ဘာကြောင့်မပါဝင်နိုင်ရမှာလဲဆိုပြီး တွေးမိတယ်။ ဒီနွေရာသီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်မယ့် ကောင်မလေး ၁၅ ယောက်လည်း ပါဝင် လှူဒါန်းကြ မှာဖြစ်လို့ တကယ်ဂုဏ်ယူပါတယ်။ ကနေဒါက Common Goal မှာ ကစားသမား ၁၁ ဦးစလုံး ပါဝင်လှူဒါန်းတဲ့ ပထမဆုံးအသင်းဖြစ်လာမှာပါ။ ကျွန်မက ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားမှာမပါဝင်နိုင်လို့ စိတ်မကောင်းဖြစ်ရေပမဲ့ ကစားသမားတွေရဲ့လုပ်ရပ်အတွက် အရမ်းဂုဏ်ယူပါတယ်။ ဒါက ကျွန်မတို့ ကနေဒါနိုင်ငံသားတွေရဲ့ အမွေအနှစ်ပါပဲ" ဟု မက်လော့ဒ်က The Players' Tribune သတင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

Common Goal  အစီအစဉ် တွင် ဟမ်းမဲလ်၊ ချီလီနီ၊ ကာဂါ၀ါ၊ ကက်စပါရှမိုက်ကယ် စသည့် နာမည်ကြီး ကစားသမားများအပြင် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဥက္ကဋ္ဌ ဆယ်ဖယ်ရင်၊ ဒိန်းမတ်ကလပ် နော့စ်ဂျေးလန်း အသင်း၊ Banco Santander ၊ EA Sports စသည့် ကုမ္ပဏီများလည်း လှူဒါန်းနေသည်။

Most Read

Most Recent