ထိုင်းနှင့် မြန်မာ ပူးပေါင်းရိုက်ကူးသည့် ‘မဖဲဝါ’ ၀ိညာဉ်ဇာတ်ကား စတင်ရိုက်ကူးလျက်ရှိပြီး နိုင်ငံတကာတွင်ပြသရန်စီစဉ်ထား

ထိုင်းနှင့် မြန်မာ ပူးပေါင်းရိုက်ကူးသည့် ‘မဖဲဝါ’ ၀ိညာဉ်ဇာတ်ကား စတင်ရိုက်ကူးလျက်ရှိပြီး နိုင်ငံတကာတွင်ပြသရန်စီစဉ်ထား
Published 13 May 2019

ထိုင်းနှင့်မြန်မာပူးပေါင်းရိုက်ကူးသည့် ‘မဖဲဝါ’ ၀ိညာဉ်ဇာတ်ကားအား မေလဒုတိယပတ်တွင် စတင်ရိုက်ကူးလျက်ရှိကာ ယင်းဇာတ်ကားကိုမြန်မာ၊ ထိုင်းနှင့်နိုင်ငံတကာတွင် ပါပြသရန်စီစဉ်ထားသည်ဟု သိရသည်။ ‘မဖဲဝါ’ ရုပ်ရှင်ဇာတ်ကားကို ထိုင်းဒါရိုက်တာ Pakphum Wongjinda ကရိုက်ကူးလျက်ရှိကာ ထိုင်းနိုင်ငံမှမင်းသား Nararphat Stary ၊ ခါရာ၊ Kohtee Aramboy ၊ ပက်ထရစ်ရှာ၊ အကယ် ဒမီမေသဥ္ဇာဦး၊ နော်ဖောအယ်ထား၊ လီလီကျော်ခိုင်နှင့် ထိုင်းသရုပ်ဆောင်များစွာတို့ပါဝင်ကြောင်း သိရသည်။      

“မဖဲဝါဇာတ်ကားက ဇာတ်ညွှန်းဖတ်တည်းက ကြောက်ခဲ့ရတဲ့ ဇာတ်ကားပေါ့။ ထိုင်းကဒါ ရိုက်တာရိုက်ကူးပြီး ထိုင်းကသရုပ်ဆောင်တွေနဲ့ တွဲဖက်ရိုက်ကူးရမှာဆိုတော့ စိတ်လှုပ်ရှားတယ်။ ဒီဇာတ်ကားမှာညီမရဲ့ချစ်သူက ထိုင်းကောင်လေးပေါ့။ သူနဲ့ဆိုရင်ထိုင်းဘာ သာစကားနဲ့ပြောရမှာဆိုတော့ ထိုင်းဘာသာစကားကိုသေချာကြို ပြီးသင်ထားရတယ်။ သူနဲ့တကယ် ရင်းနှီးမှုရှိအောင်လည်း ဂိမ်းအတူ ဆော့ခိုင်းတာမျိုးတွေ လုပ်ခိုင်းတယ်။ တကယ်ရိုက်မယ့်အချိန်မှာလည်း စကားပြောကိုအာရုံစိုက်ရင်း အမူအရာလွတ်သွားတာမျိုးဖြစ်မှာ စိုးတယ်။ ဒါကြောင့် သေချာကြိုပြီး ပြင်ဆင်နေပါတယ်။ အဝတ်အစားနဲ့ မိတ်ကပ်ပိုင်းကိုတော့သိပ်စိတ်မပူဘူး။ ထိုင်းကအဖွဲ့တွေက costume designer နဲ့ မိတ်ကပ်ပိုင်းတွေကို တစ်ခါတည်းပြင်ဆင်ပေးထားမှာပါ။ ဒီဇာတ်ကားကမြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအပြင် အခြားနိုင်ငံတွေမှာလည်း ရုံတင်မှာဆိုတော့ အရမ်းလည်းတာဝန်ကြီး သလိုအရမ်းလည်း ပျော်ပါတယ်” ဟု ပက်ထရစ်ရှာက ဆိုသည်။

“ထိုင်းမှာသရဲဇာတ်ကားတွေ ရိုက်ကူးကြတာအရမ်းများတယ်။ အခုမြန်မာတွေနဲ့ ပူးပေါင်းပြီး ဇာတ်ကားရိုက်ဖို့စီစဉ်တဲ့အခါ မှာ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုဖတ်ကြည့်ပြီး စိတ်ဝင်စားတာနဲ့ရိုက်ဖြစ်သွားတာပါ။ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားသွားပါမယ်” ဟု ဒါရိုက်တာ Pakphum Wongjinda ကပြောပြခဲ့သည်။

‘မဖဲဝါ’ ရုပ်ရှင်ဇာတ်ကားတွင်ပါဝင်မည့် သရုပ်ဆောင်ခါရာကလည်း “နိုင်ငံတကာနဲ့တွဲပြီးရိုက်ရမှာဆိုတော့ စိတ်လှုပ်ရှားရသလို အတွေ့အကြုံကောင်းတွေ အများကြီးရမယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော့်ဘက်ကတော့အကောင်းဆုံး ကြိုးစားသွားပါမယ်။ ဒီဇာတ်ကားက ပုံမှန်ဇာတ်ကားအမျိုးအစားမဟုတ်ဘဲ ခွဲထွက်ဖန်တီးထားတဲ့ဇာတ်လမ်း အမျိုးအစားဆိုတော့ပိုပြီး စိတ်လှုပ်ရှားပါတယ်”ဟု ဆိုသည်။

‘မဖဲဝါ’ ဇာတ်ကားကို ထိတ်လန့်ဖွယ်ဝိညာဉ်ဇာတ်ကားအဖြစ် ပုံဖော်မည်ဖြစ်သည်။

Most Read

Most Recent