ခရစ္စတယ်ပဲလေ့စ်အသင်းအား ရှုံးနိမ့်ပြီးနောက် ကာဒစ်ဖ်အသင်း ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရ

ခရစ္စတယ်ပဲလေ့စ်အသင်းအား ရှုံးနိမ့်ပြီးနောက် ကာဒစ်ဖ်အသင်း ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရ
Photo: Getty Images
Photo: Getty Images
Published 5 May 2019

ယခုရာသီ ပရီးမီးယားလိဂ်တွင် တန်းဆင်းရမည့် (၃) သင်းစလုံးမှာ ပြိုင်ပွဲမပြီးဆုံးမိကပင် အဖြေပေါ်ခဲ့ပြီး ကာဒစ်ဖ်အသင်းနှင့်အတူ ဖူလ်ဟမ်၊ ဟတ်ဒါဖီးလ်အသင်းတို့မှာ တန်းဆင်းခဲ့ရခြင်းဖြစ်သည်။

ကာဒစ်ဖ်အသင်းသည် စနေနေ့ကစားခဲ့သည့်ပွဲစဉ်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းအား (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရသည်။

ကာဒစ်ဖ်အသင်းသည် ၂၀၁၈-၁၉ ပရီးမီးယားလိဂ်ရာသီ ပြီးဆုံးရန် တစ်ပွဲလိုသော်လည်း အဆင့် (၁၆) နေရာမှ ဘရိုက်တန်အသင်း (၃၅ မှတ်) နှင့် (၄) မှတ်ကွာဟသွားသည့်အတွက် တန်းဆင်းခဲ့ရခြင်းဖြစ်သည်။

ကာဒစ်ဖ်အသင်းသည် စနေနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အိမ်ကွင်း၌ ကစားခဲ့ရသော်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းကို ယှဉ်နိုင်ခဲ့ခြင်းမရှိဘဲ (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ဂိုးများကို ဇာဟာ (၂၉ မိနစ်)၊ ဘက်ရှူအာယီ (၃၉ မိနစ်)နှင့် တောင်ဆန် (၇၀ မိနစ်)တို့က သွင်းယူခဲ့ခြင်းဖြစ်ပြီး ကာဒစ်ဖ်အတွက် ချေပဂိုးများကို ပဲလေ့စ်အသင်းနောက်ခံလူ မာတင်ကယ်လီက (၃၁) မိနစ်တွင် OG နှင့် မိနစ် (၉၀) တွင် ရိဒ်တို့က သွင်းယူခဲ့ခြင်းဖြစ်သည်။

ကာဒစ်ဖ်အသင်းသည် ယခုရာသီကမှ လိဂ်ချန်ပီယံရှစ်မှာ တန်းတက်လာခဲ့ခြင်းဖြစ်ပြီး တစ်ရာသီအတွင်း ချက်ချင်း တန်းပြန်ဆင်းရခဲ့ခြင်းလည်း ဖြစ်သည်။

ကာဒစ်ဖ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) အပြီးတွင် (၉) ပွဲနိုင်၊ (၄) ပွဲသရေ၊ (၂၄) ပွဲရှုံး ရလဒ်ရရှိခဲ့ပြီး ရမှတ် (၃၁) မှတ်ဖြင့် တန်းဆင်းခဲ့ရခြင်း ဖြစ်သည်။

ယခုရာသီ ပရီးမီးယားလိဂ်တွင် တန်းဆင်းရမည့် (၃) သင်းစလုံးမှာ ပြိုင်ပွဲမပြီးဆုံးမိကပင် အဖြေပေါ်ခဲ့ပြီး ကာဒစ်ဖ်အသင်းနှင့်အတူ ဖူလ်ဟမ်၊ ဟတ်ဒါဖီးလ်အသင်းတို့မှာ တန်းဆင်းခဲ့ရသည်။

လိဂ်ချန်ပီယံရှစ်မှာ နောဝှစ်ချ်နှင့် ရှက်ဖီးလ်ယူနိုက်တက်အသင်းတို့မှာ လာမည့် ၂၀၁၉-၂၀ ရာသီတွင် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိထားပြီး လက်ကျန်တစ်နေရာအတွက် လိဒ်၊ ဝက်စ်ဘရွန်း၊ ဗီလာနှင့် ဒါဘီတို့ အပြိုင်လုရမည်ဖြစ်သည်။

Most Read

Most Recent