ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမား ဝီလီယံကို ပေါင် သန်း (၃၀)ဖြင့် ပြန်လည်ကြိုးပမ်းရန် ဘာစီလိုနာ ပြင်ဆင်နေ

ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမား ဝီလီယံကို ပေါင် သန်း (၃၀)ဖြင့် ပြန်လည်ကြိုးပမ်းရန် ဘာစီလိုနာ ပြင်ဆင်နေ
Photos : Action images, AFP
Photos : Action images, AFP
Published 4 May 2019

ဘာစီလိုနာအသင်းသည် ချယ်လ်ဆီးအသင်းမှ ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား ဝီလီယံအား ပြောင်းရွှေ့ကြေး ပေါင် သန်း (၃၀)ဖြင့် ပြန်လည်ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

ဘာစီလိုနာအနေဖြင့် ပြီးခဲ့သည့်ဇန်နဝါရီလက အသင်းကစားသမား မယ်လ်ကွန်ကို အလိုက်ပေးပြီး ဝီလီယံကို ခေါ်ယူရန် ကမ်းလှမ်းခဲ့ဖူးကြောင်းလည်း သိရသည်။

သို့သော် ချယ်လ်ဆီးအသင်းက ဘာစီလိုနာ၏ပေါင် သန်း (၅၀)တန် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့သည်။

(၃၀)နှစ်အရွယ်ရှိပြီဖြစ်သူ ဝီလီယံမှာ ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သူလည်းဖြစ်သည်။

ထို့ကြောင့် စျေးကွက်တန်ဖိုးကျဆင်းလာသည့် ဝီလီယံကို ပြောင်းရွှေ့ကြေး ပေါင် သန်း (၃၀)ဖြင့် ဘာစီလိုနာအသင်းက ထပ်မံကမ်းလှမ်းရန် ပြင်ဆင်နေလျက်ရှိသည်။

ချယ်လ်ဆီးအသင်းတွင် ဝီလီယံ၊ ဟာဇက်တို့အပြင် အနာဂတ်လှုပ်ခတ်နေသည့် ကစားသမားများစွာရှိနေကြောင်း သိရသည်။

Most Read

Most Recent