လာလီဂါပွဲစဉ်(၃၆) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်(၃၆) ပွဲကြိုသုံးသပ်ချက်
Photo : laliga.es
Photo : laliga.es
Published 4 May 2019

လီဗန်တေး နှင့် ဗယ်လက်ကာနို (စနေညနေ ၅း၃၀ နာရီ)

ဗယ်လက်ကာနိုကလည်း ဒီပွဲက တန်းမဆင်းရရေး အဆုံးအဖြတ်ပွဲလိုဖြစ်နေလို့ အစွမ်းကုန် ခံတိုက်တော့မယ့်ပွဲပါပဲ။ ဒါပေမဲ့ လီဗန်တေးကလည်း တန်းဆင်းအန္တရာယ်က လွတ်အောင် ရုန်းရဦးမယ့်အချိန်ဖြစ်နေလို့ ဗယ်လက်ကာနိုအတွက် သိပ်မလွယ်လှဘူး။ လီဗန်တေးနဲ့ ဂိုးအများကိုပဲ ရွေးထားချင်တယ်။

အက်စ်ပန်ညို နှင့် အက်သလက်တီကို (စနေည ၈း၄၅ နာရီ)

နှစ်သင်းစလုံး ရှေ့ရေးမျှော်လင့်ချက်တွေ လုံလောက်သလိုဖြစ်နေကြလို့ သိပ်ပြီး အားစိုက်ကစားကြမယ့်ပုံ မရှိကြတော့ဘူး။ နှစ်သင်းစလုံးရဲ့ လက်ရှိအခြေအနေကလည်း ရလဒ်ပိုင်းကို စိတ်ကြိုက်ထိန်းကစားလို့ရနေတာကြောင့် အခုပွဲမှာ ကစားသမားသစ်တွေကို အခွင့်အရေးပေးဖို့ရှိနေတယ်။ သာမန်လောက်ပဲကစားပြီး ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

အလာဗတ်စ် နှင့် ဆိုစီဒက် (စနေည ၁၁းဝ၀ နာရီ)

အဆင့် (၈)နဲ့ (၉)မှာ ရပ်တည်နေကြပြီး ရှေ့ခရီးအတွက် သိပ်ပြီးမျှော်လင့်စရာလည်း မရှိကြတော့တဲ့ပွဲမှာ သက်သောင့်သက်သာပဲ ကစားသွားကြဖို့များလိမ့်မယ်။ ဆိုစီဒက်က ဒဏ်ရာပြဿနာတွေများနေပြီး အလာဗတ်စ်ကလည်း နိုင်ပွဲရအောင် ကစားရမယ့်အချိန်ဖြစ်လို့ အိမ်ရှင်နဲ့ ဂိုးအများပဲကြိုက်တယ်။

ဆယ်လ်တာဗီဂို နှင့် ဘာစီလိုနာ (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

ချန်ပီယံလိဂ်ကစားနေရပြီး ချန်ပီယံလည်းဖြစ်နေပြီဖြစ်တဲ့ ဘာစီလိုနာကို မျှော်လင့်မထားတော့တာ အကောင်းဆုံးပါပဲ။ ဒီပွဲမှာလည်း ဘာစီလိုနာ ပွဲထွက်လူစာရင်း အပြောင်းအလဲအများကြီးလုပ်ထားနိုင်တယ်။ ဆယ်လ်တာဗီဂိုကတော့ တန်းဆင်းအန္တရာယ်ကလွတ်အောင် အမှတ်ရှာရဦးမယ်။ ဘာစီလိုနာ လာလီဂါဘက် အာရုံလျော့နိုင်လို့ ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများပါပဲ။

 

Most Read

Most Recent