ဖရန့်ဖတ်တိုက်စစ်မှူး ယိုဗစ်ကို ယူရိုသန်း(၆၀)ဖြင့် ရီးယဲလ်အသင်း ခေါ်ယူရန်နီးစပ်နေ

ဖရန့်ဖတ်တိုက်စစ်မှူး ယိုဗစ်ကို ယူရိုသန်း(၆၀)ဖြင့် ရီးယဲလ်အသင်း ခေါ်ယူရန်နီးစပ်နေ
Photos : Getty Images
Photos : Getty Images
Published 4 May 2019

ရီးယဲလ်မက်ဒရစ်အသင်းသည် ဖရန့်ဖတ်အသင်းတွင် ခြေစွမ်းပြနေသည့် ဖရန့်ဖတ်လက်ရွေးစင်တိုက်စစ်မှူး ယိုဗစ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)ဖြင့် ခေါ်ယူရန်နီးစပ်နေကြောင်း သိရသည်။

Diario ASမှ ရေးသားသည့်သတင်းတွင် ရီးယဲလ်အသင်းအနေဖြင့် ပေးချေရမည့်ယူရိုသန်း(၆၀)အနက် ဖရန့်ဖတ်အသင်းကို ယူရို(၄၈)သန်းနှင့် ယိုဗစ်၏အပြောင်းအရွှေ့မူပိုင်ခွင့်(၂၀%)ကို ပိုင်ဆိုင်ထားသည့် အသင်းဟောင်း ဘင်ဖီကာကို ယူရို(၁၂)သန်း ခွဲပေးရမည်ဖြစ်သည်။

ရီးယဲလ်အသင်းသည် အသင်းတိုက်စစ်ကစားသမားဖြစ်သည့် မာရီယာနိုဒီယက်ဇ်ကို အခြားပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ပြန်လည်ရောင်းချသွားဖွယ်ရှိနေသည်။

ယိုဗစ်အားခေါ်ယူရန် ရီးယဲလ်အသင်း၏မဟာပြိုင်ဘက် ဘာစီလိုနာမှ ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ပြောင်းရွှေ့ကြေးမြင့်မားမှုကြောင့် လက်လျှော့ခဲ့ခြင်းဖြစ်သည်။

ယိုဗစ်သည် ယခုရာသီ ပြိုင်ပွဲစုံ(၄၄)ပွဲတွင် (၂၆)ဂိုးအထိသွင်းယူထားပြီး ပြီးခဲ့သည့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့တွင်လည်း ချယ်လ်ဆီးအသင်းဘက်သို့ တစ်ဂိုးသွင်းယူပေးခဲ့သည်။

ရီးယဲလ်အသင်းအနေဖြင့် ယိုဗစ်ကို (၆)နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုသွားဖွယ်ရှိနေကြောင်း သိရသည်။

Most Read

Most Recent