အသက် (၂၁) နှစ်အရွယ်ရှိ ဆားဘီးယားတိုက်စစ်မှူး ယိုဗစ်သည် ယခုရာသီ ယူရိုပါလိဂ်တွင် ဖရန့်ဖတ်အသင်းနှင့် တွေ့ဆုံခဲ့သည့် (၇) သင်းစလုံးကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း (၉) ဂိုးအထိ သွင်းယူထားကာ ဂိုးသွင်းအများဆုံးစာရင်းတွင် ချယ်လ်ဆီးတိုက်စစ်မှူး ဂီရော့ဒ် (၁၀ ဂိုး) ၏ နောက် ဒုတိယနေရာ၌ ရပ်တည်နေသည်။
ဖရန့်ဖတ်အသင်းတိုက်စစ်မှူး ယိုဗစ်သည် ယခုရာသီ ယူရိုပါလိဂ်တွင် ရင်ဆိုင်ရသည့်ပြိုင်ဘက်အသင်းတိုင်းကို ဂိုးသွင်းနိုင်ခဲ့ကြောင်း သိရသည်။
ယိုဗစ်သည် မေလ (၂) ရက်က ကစားခဲ့သည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် ဖရန့်ဖတ် (၁-၁) ချယ်လ်ဆီးပွဲတွင် ဖရန့်ဖတ်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီးနောက် ယင်းမှတ်တမ်းကို ရရှိခဲ့ခြင်းဖြစ်သည်။
ဖရန့်ဖတ်အသင်းသည် ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် အုပ်စုအဆင့်၌ လာဇီယို၊ အေပိုလွန်၊ မာဆေးလ်အသင်းတို့နှင့် တွေ့ဆုံခဲ့ပြီး ယိုဗစ်သည် ယင်း (၃) သင်းစလုံးကို ဂိုးသွင်းနိုင်ခဲ့သည်။
ထို့ပြင် ယိုဗစ်သည် ယူရိုပါလိဂ်ရှုံးထွက် (၃၂) သင်းအဆင့်တွင် ရှက်တာဒိုးနတ်၊ ရှုံးထွက်(၁၆) သင်းအဆင့်တွင် အင်တာမီလန်နှင့် ကွာတားဖိုင်နယ်တွင် ဘင်ဖီကာ စသည့်အသင်းများကိုလည်း ဂိုးများသွင်းယူနိုင်ခဲ့သည်။
အသက် (၂၁) နှစ်အရွယ်ရှိ ဆားဘီးယားတိုက်စစ်မှူး ယိုဗစ်သည် ယခုရာသီ ယူရိုပါလိဂ်တွင် ဖရန့်ဖတ်အသင်းနှင့် တွေ့ဆုံခဲ့သည့် (၇) သင်းစလုံးကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း (၉) ဂိုးအထိ သွင်းယူထားကာ ဂိုးသွင်းအများဆုံးစာရင်းတွင် ချယ်လ်ဆီးတိုက်စစ်မှူး ဂီရော့ဒ် (၁၀ ဂိုး) ၏ နောက် ဒုတိယနေရာ၌ ရပ်တည်နေသည်။
ယိုဗစ်သည် ယခုရာသီတွင် ဖရန့်ဖတ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၄) ပွဲ၌ (၂၆) ဂိုးအထိ သွင်းယူထားပြီး ၎င်းကို ခေါ်ယူရန် စပိန်ထိပ်သီးများဖြစ်သည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။
ဖရန့်ဖတ်အသင်းအားကစားဒါရိုက်တာက မိမိအနေဖြင့် ယိုဗစ်ကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားရန် အလိုရှိသော်လည်း အသင်းကြီးများ ကမ်းလှမ်းလာပါက ငြင်းပယ်ရန် ခက်ခဲမည်ဟုဆိုထားပြီး ယိုဗစ်ကို ယူရိုသန်း (၇၀) ကျော်ရပါက ရောင်းထုတ်သွားဖွယ်ရှိနေကြောင်း သိရသည်။