ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်ယူ၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်စီးတီး၊ လီဗာပူးလ်၊ စပါးအသင်းတို့ကို ၂၀၁၀ ခုနှစ်မှစ၍ ထိပ်သီး(၆) သင်းဟု သတ်မှတ်ခဲ့ကြပြီး မက်ဆီသည် ၂၀၁၁ -၁၂ ရာသီမှ လက်ရှိအချိန်အထိ ယင်းအသင်း (၆)သင်းအား သွင်းယူခဲ့သည့်ဂိုးအရေအတွက် (၂၅)ဂိုးရှိသွားခဲ့ခြင်း ဖြစ်သည်။
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့တွင် လီဗာပူးလ်အသင်းကို (၂)ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ပရီးမီးယားလိဂ်ထိပ်သီး(၆)သင်းကို သွင်းယူနိုင်သည့် ဂိုးအရေအတွက် (၂၅)ဂိုးရှိသွားခဲ့ပြီဖြစ်၍ ပရီးမီးယားလိဂ်၏ နာမည်ကျော်တိုက်စစ်မှူးများဖြစ်သော ဟာရီကိန်း၊ ရွန်နီ၊ ဗန်ပါစီတို့ထက်ပင် ပိုမိုသာလွန်ခဲ့ကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်ယူ၊ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်စီးတီး၊ လီဗာပူးလ်၊ စပါးအသင်းတို့ကို ၂၀၁၀ ခုနှစ်မှစ၍ ထိပ်သီး(၆) သင်းဟု သတ်မှတ်ခဲ့ကြပြီး မက်ဆီသည် ၂၀၁၁ -၁၂ ရာသီမှ လက်ရှိအချိန်အထိ ယင်းအသင်း (၆)သင်းအား သွင်းယူခဲ့သည့်ဂိုးအရေအတွက် (၂၅)ဂိုးရှိသွားခဲ့ခြင်း ဖြစ်သည်။
ယင်းကာလအတွင်းတွင် စပါးတိုက်စစ်မှူး ဟာရီကိန်းက (၂၂) ဂိုး၊ မန်ယူတိုက်စစ်မှူးဟောင်းများဖြစ်သည့် ရွန်နီက (၂၁)ဂိုးနှင့် ဗန်ပါစီက (၁၈)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
ထို့ကြောင့် မက်ဆီအား အမျိုးမျိုးချီးမွှမ်းခန်းဖွင့်နေကြချိန်တွင် Daily Mail ကလည်း ယခုကဲ့သို့နှိုင်းယှဉ်ကာ ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။
ယင်းကာလအတွင်းတွင် မက်ဆီထက် ဂိုးပိုသွင်းနိုင်ခဲ့သည့်ကစားသမား(၃)ဦးသာရှိပြီး အဂွဲရိုး(၄၃ ဂိုး)၊ ဗာဒီ(၃၁ ဂိုး)၊ ဟာဇက် (၂၆ ဂိုး)တို့ ဖြစ်ကြောင်းလည်း သိရှိရသည်။