ဟီဂွါအင်ကို ဆာရီထောက်ခံနေဆဲဖြစ်ပြီး လာမည့်ရာသီတွင် ဂိုးများစွာသွင်းယူနိုင်မည်ဟု ဆိုခဲ့သဖြင့် နောက်တစ်ရာသီစာချုပ်ဖွယ်ရှိ

ဟီဂွါအင်ကို ဆာရီထောက်ခံနေဆဲဖြစ်ပြီး လာမည့်ရာသီတွင် ဂိုးများစွာသွင်းယူနိုင်မည်ဟု ဆိုခဲ့သဖြင့် နောက်တစ်ရာသီစာချုပ်ဖွယ်ရှိ
Photos : Action Images & Reuters
Photos : Action Images & Reuters
Published 30 April 2019

ချယ်လ်ဆီးအသင်း၏ နည်းပြ ဖြစ်သူ ဆာရီက အသင်း၏တိုက်စစ်မှူး ဟီဂွါအင်သည် သူ၏လက်ရှိကစားပုံအတွက် ဝေဖန်ခံနေရသော်လည်း လာမည့်ရာသီတွင် ဂိုးများစွာသွင်းယူနိုင်လိမ့်မည်ဟု ယုံကြည်နေကြောင်း ပြောကြားသွားခဲ့သည်။

ဆာရီက ယင်းကဲ့သို့ဆိုခဲ့သဖြင့် ဟီဂွါအင်သည် လာမည့်ရာသီတွင် ချယ်လ်ဆီးအသင်း၌ ဆက်ရှိနေဖွယ် ရှိပြီး အငှားစာချုပ်သက်တမ်းတိုးမြှင့် ဖွယ်ရှိနေသည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိအချိန်၌ ဖီဖာက အ ပြောင်းအရွှေ့ပိတ်ပင်သည့် ပြစ်ဒဏ် ချမှတ်ခံထားရသဖြင့် အယူခံဝင်နေ ဆဲဖြစ်သော်လည်း ဟီဂွါအင်ကိုမူ ပြီးခဲ့သည့်ရာသီကတည်းက ခေါ်ယူထားသဖြင့် အပြီးသတ်စာချုပ်ခွင့်၊ အငှား စာချုပ်ခွင့်များရှိနေသည်။

ဂျူဗင်တပ်စ်အသင်းနှင့် ချုပ်ဆို ထားသည့် စာချုပ်အရ လာမည့်ရာသီ တွင် အငှားဖြင့် ထပ်မံစာချုပ်မည်ဆို ပါက ပေါင် (၁၅.၅)သန်းပေးချေရမည် ဖြစ်ပြီး၊ အပြီးသတ်စာချုပ်လျှင်မူ ပေါင် (၃၁)သန်းဖြင့် စာချုပ်ရမည်ဖြစ်သည်။

ဆာရီက ''သီအိုရီအတိုင်းဆိုရင်တော့ လာမယ့်ရာသီမှာသူဂိုးတွေပိုသွင်းနိုင် မှာပါ။ ပရီးမီးယားလိဂ်မှာ အံဝင်ခွင်ကျ ဖြစ်ဖို့ သူအခက်အခဲဖြစ်နေပြီး နောက် ရာသီဆိုရင်တော့ အဆင်သင့်ဖြစ်ပြီ လို့ ကျွန်တော်ထင်ပါတယ်။ ဆွာရက်ဇ် တုန်းကလည်း ပထမဆုံးရာသီမှာ (၃) ဂိုးပဲသွင်းနိုင်ခဲ့ပြီး နောက်ရာသီတွေ မှာ (၁၆)ဂိုး၊ (၂၄)ဂိုးတွေသွင်းနိုင်ခဲ့တာ ကို ကျွန်တော် မှတ်မိနေပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent