စပိန်ဂိုးသမား ဒီဟေးယား ဂိုးကာကွယ်မှု (၁)ကြိမ်သာရှိခဲ့

စပိန်ဂိုးသမား ဒီဟေးယား ဂိုးကာကွယ်မှု (၁)ကြိမ်သာရှိခဲ့
Published 2 July 2018

စပိန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်(၁၆)သင်းအဆင့်မှ ထွက်ခဲ့ရပြီးနောက် လက်ရွေးစင်အသင်းဂိုးသမား ဒီဟေးယားအတွက်လည်း စိတ်ပျက်စရာကောင်းသည့် ပြိုင်ပွဲတစ်ပွဲဖြစ်ခဲ့သည်။

ဒီဟေးယားအနေဖြင့် ကမ္ဘာ့ဖလားပွဲစဉ်(၄)ပွဲကစားရာတွင် ဂိုးပေါက်တည့်ကန်ချက်(၇)ကြိမ်တွင် (၁)ကြိမ်သာ ကာကွယ်နိုင်ခဲ့ပြီး (၆)ဂိုးအထိ ပေးခဲ့ရသည်။

ရုရှားနှင့်ပွဲတွင် အကင်ဖိဗ်က ကိုကေ၊ အက်စ်ပတ်စ်တို့၏ပယ်နယ်တီများကို ကာကွယ်ခဲ့ချိန်တွင် ဒီဟေးယားမှာမူ ပွဲချိန်အတွင်း ပယ်နယ်တီအပါအဝင် ပယ်နယ်တီအားလုံး မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရသည်။

ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒီဟေးယား၏တစ်ကြိမ်တည်းသော ကာကွယ်မှုမှာ မော်ရိုကိုနှင့်ကစားသည့်ပွဲတွင်ဖြစ်ပြီး မော်ရိုကိုတိုက်စစ်မှူး ဘောက်တက်၏ကန်ချက်ကို ကာကွယ်သွားခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းပွဲတွင်ပင် ဘောက်တက်၏ဂိုးတစ်ဂိုးကိုမူ ခွင့်ပြုခဲ့ရသေးသည်။

ရုရှားနှင့်ပွဲမှ ပယ်နယ်တီအဆုံးအဖြတ် (၄)ကြိမ်ကိုပါထည့်တွက်လျှင် ဂိုးပေါက်တည့်ကန်ချက် (၁၁)ကြိမ်တွင် (၁)ကြိမ်သာ ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြိုင်ပွဲအကြို ဆွစ်ဇာလန်နှင့်ခြေစမ်းပွဲ၊ စပိန်နှင့် အုပ်စုအဖွင့်ပွဲများမှ အမှားများမှာ ဒီဟေးယား၏ကစားသမားဘဝတွင် အကြီးကျယ်ဆုံးအမှားများလည်းဖြစ်ခဲ့သည်။

Most Read

Most Recent