သတင်းတိုများ စုစည်းဖော်ပြမှု

သတင်းတိုများ စုစည်းဖော်ပြမှု
Published 2 July 2018

 

■ ဥရုဂွေး (၂-၁) ပေါ်တူဂီ ပွဲစဉ်တွင် ပွဲချိန် (၇၄)မိနစ်၌ ခြေသလုံးဒဏ်ရာကြောင့် လူစားလဲရန် ကွင်းအတွင်းမှ ခြေထော့နင်းဖြင့် ထွက်ခွာခဲ့သည့် ဥရုဂွေးတိုက်စစ်မှူး ကာဗာနီအား တွဲပေးခဲ့သည့် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို၏ လုပ်ရပ်ကို ပရိသတ်များက ချီးကျူးခဲ့ကြောင်း သိရသည်။

■ ဂျာမနီအသင်းနည်းပြဟောင်း ကလင်စမန်းက ကမ္ဘာ့ဖလားအုပ်စုအဆင့် ထွက်ခွာခဲ့ရသည့် ကမ္ဘာ့ဖလားလက်ရှိချန်ပီယံ ဂျာမနီအသင်းမှာ နိုင်ပွဲအတွက် ဆာလောင်စိတ်ကင်းမဲ့နေပြီး စိတ်အားထက်သန်မှုမရှိသည့်အတွက် ကျဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့ကြောင်း သိရှိရသည်။

■ အာဂျင်တီးနားအသင်းနည်းပြ ဆမ်ပါအိုလီက ပြင်သစ်အသင်းအား ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် လွန်စွာစိတ်ပျက်မိသော်လည်း ၎င်းအနေဖြင့် အသင်းနည်း ပြရာထူးမှ နုတ်ထွက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

■ ပြင်သစ်အသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်းက ၎င်းတို့အနေဖြင့် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်စွမ်းအပြည့်ရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက ကစားသမားဘဝတွင် ဆုဖလားများစွာ ရယူလိုပြီး ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ရန် အကောင်းဆုံးကြိုးစားသွားမည်ဟုလည်း ပြောဆိုခဲ့သည်။

■ ဘယ်လ်ဂျီယံအသင်းတိုက်စစ်မှူး လူကာကူက ၎င်းအနေဖြင့် ငယ်ဘဝဆင်းရဲမွဲတေ မှုအကြောင်းကို ဖွင့်ပြောခဲ့ခြင်းမှာ လူငယ်များကို အားပေးလိုခြင်းဖြစ်ကြောင်းနှင့် ၎င်းကို ကြည့်ကာ အာဖရိကလူငယ်များအနေဖြင့် အတုယူပြီး အောင်မြင်မှုများရရှိစေလိုခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent