ဂျာမနီအသင်းအနေဖြင့် အပြောင်းအလဲများပြုလုပ်ရန်လိုအပ်ဟု နည်းပြဖြစ်သူ ဝန်ခံပြောကြား

ဂျာမနီအသင်းအနေဖြင့် အပြောင်းအလဲများပြုလုပ်ရန်လိုအပ်ဟု နည်းပြဖြစ်သူ ဝန်ခံပြောကြား
Published 30 June 2018

Photo:AFP

ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးက ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှထွက်ခဲ့ရ ပြီးနောက် အသင်းအား အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ်နေကြောင်း ဝန်ခံပြော ကြားသည်။

ဂျာမနီအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ၏ လက်ရှိချန်ပီယံဖြစ်သော်လည်း အုပ်စုပွဲ သုံးပွဲယှဉ်ပြိုင်ကစားရာ ဆွီဒင်အသင်းကိုသာ ပွဲပြီးခါနီးနောက်ဆုံးမိနစ်ဂိုးဖြင့် အနိုင်ရပြီး မက္ကဆီကိုနှင့် တောင်ကိုရီးယားအသင်းကို ရှုံးနိမ့်ကာ အုပ်စုအောက်ဆုံးနေရာမှထွက်ခဲ့ရ သည်။ ဂျာမနီအသင်းအနေဖြင့် ၁၉၃၈ ခုနှစ် နောက်ပိုင်း နှစ်ပေါင်း ၈၀ အကြာတွင် အုပ်စု အဆင့် (ပထမအဆင့်) မှ ပထမဆုံးအကြိမ် ထွက်ခဲ့ရခြင်းဖြစ်ပြီး ပြိုင်ပွဲသုံးကြိမ်ဆက်တိုက် (၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈) အုပ်စုမှထွက်ရသည့် ချန်ပီယံအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ သည်။

ဂျာမနီအသင်းသည် ဇွန် ၂၈ ရက်တွင် ဖရန့်ဖတ်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာ ရာ သတင်းထောက်များက ၎င်းင်းအား ကမ္ဘာ့ ဖလားပြိုင်ပွဲ၌ ကျရှုံးရသည့်အကြောင်းရင်းနှင့် အနာဂတ်အစီအစဉ်အား မေးမြန်းခဲ့သည်။

ယင်းမေးခွန်းများနှင့်ပတ်သက်၍ ယော်ကင်လိုးက ''The Mannschaft (ဂျာမနီအသင်း၏ အမည်ပြောင်) က ဒီလိုမျိုးအမြဲဖြစ်နေကျ မဟုတ်ပါဘူး။ နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ တာဝန်အပြည့်အဝရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဘာကြောင့်မအောင် မြင်ရတာလဲဆိုတာ သေချာပေါက် ကိုယ့်ကိုယ် ကိုယ်ပြန်ဆန်းစစ်ရမှာပါ။ ဒီလိုစဉ်းစားဖို့ အချိန်နည်းနည်းတော့လိုပါတယ်။ ပြီးသွားရင် တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာ ပါ။ အခုလို ပြိုင်ပွဲကထွက်ရတဲ့အတွက် တော် တော်လေးတော့ စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဘယ်အရာကို မှန်မှန်ကန်ကန် လုပ်ရမလဲဆိုတာ စဉ်းစားဖို့ လိုပါတယ်။ ကျွန် တော်တို့အနေနဲ့ မျှော်မှန်းထားတဲ့အခြေအနေ နဲ့ အဝေးကြီးဖြစ်ခဲ့လို့ အပြောင်းအလဲတွေ လုပ်ဖို့ လိုနေတာကတော့ အသေအချာပါပဲ။ ဘယ်လိုကောင်းမွန်တဲ့အပြောင်းအလဲတွေ လုပ်ကြမလဲဆိုတာ ဆွေးနွေးရပါမယ်''ဟု ဖြေကြားသည်။

ဂျာမနီဘောလုံးအဖွဲ့ချုပ် (DFB) ဥက္ကဋ္ဌ ဂရင်ဒယ်လ်ကလည်း ''အားကစားစီမံခန့်ခွဲမှု အဖွဲ့က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု မရတဲ့အခြေအနေကို လေ့လာသုံးသပ်ပြီး တော့ လာမယ့်ရက်သတ္တပတ်အတွင်း ဥက္ကဋ္ဌ ဆီကို အစီရင်ခံစာတင်ပြမှာပါ။ အဲဒီအစီရင် ခံစာရပြီးတော့မှပဲ သူ့ရဲ့အနာဂတ်နဲ့ပတ်သက် ပြီး ပြောကြတာပေါ့''ဟု ပြောကြားသည်။

ယော်ကင်လိုးသည် မေလကမှ ၂၀၂၂ ခုနှစ် အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသည်။

Most Read

Most Recent