စီရော်နယ်လ်ဒိုကို ဥရုဂွေးနောက်တန်းထိန်းချုပ်နိုင်လိမ့်မည်ဟု ဖော်လန်ပြောကြား

စီရော်နယ်လ်ဒိုကို ဥရုဂွေးနောက်တန်းထိန်းချုပ်နိုင်လိမ့်မည်ဟု ဖော်လန်ပြောကြား
Published 30 June 2018

ဥရုဂွေးအသင်းတိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်က ပေါ်တူဂီအသင်းနှင့်ကစားမည့် (၁၆)သင်းအဆင့်ပွဲစဉ်တွင် ပြိုင်ဘက်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုကို ဥရုဂွေးနောက်တန်းထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

 

ပေါ်တူဂီအသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် အုပ်စုပွဲစဉ် (၃)ပွဲအပြီးတွင် သွင်းဂိုး (၄)ဂိုးယူထားပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရန် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ သို့ရာတွင် ဥရုဂွေးအသင်းမှာ ယခု နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များအပြီး ပေးဂိုးလုံးဝမရှိသေးသည့်တစ်သင်းတည်းသောအသင်းအဖြစ်ရပ်တည်နေကာ ခံစစ်မာကျောမှုကိုပြသလျက်ရှိရာ စီရော်နယ်လ်ဒိုအနေဖြင့် ဂိုးရရန်ရုန်းကန်ရဖွယ်ရှိနေသည်။

ဖော်လန်က '' စီရော်နယ်လ်ဒိုဟာ ခေါင်းဆောင်တစ်ဦးပီသပါတယ်။ သူဟာ ဂိုးတွေသွင်းယူလေ့ရှိသလို ပေါ် တူဂီအသင်းအတွက် ဘယ်လောက်အရေးပါတဲ့ကစားသမားဆိုတာလည်း အားလုံးသိပါတယ်။ ကျွန်တော်တို့အသင်းဟာ ခံစစ်အရမ်းကောင်းမွန်တဲ့အသင်းပါ။ ကျွန်တော်တို့မှာ အကောင်းဆုံးနောက်ခံလူတွေရှိနေ တယ်လေ။ စီရော်နယ်လ်ဒိုဟာ ကြီးကျယ်တဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့် ကျွန်တော့်တို့ရဲ့ခံစစ်က သူ့ကိုထိန်းချုပ် နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ပွဲတွေကထက် ပိုအာရုံစူးစိုက်ပြီး ကစားသွားဖို့တော့ လိုအပ်ပါတယ် " ဟု BBC သို့ပြောကြားခဲ့သည်။

မန်ယူကစားသမားဟောင်းတစ်ဦးဖြစ်သူ ဒီယေဂိုဖော်လန်သည် မန်ချက်စတာအခြေစိုက်အသင်းတွင် ၂၀၀၃ မှ ၂၀၀၅ ခုနှစ်အထိ စီရော်နယ်လ်ဒိုနှင့်အတူတွဲကစားဖူးသူဖြစ်သည်။ ဖော်လန်သည် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ တွင် ဥရုဂွေးအသင်းအတွက် (၅)ဂိုးသွင်းယူကာ စတုတ္ထနေရာရရှိရန်စွမ်းဆောင်ပေးခဲ့ပြီး ပြိုင်ပွဲ၏အကောင်းဆုံးကစား သမား (ရွှေဘောလုံးဆု) ရရှိခဲ့သူလည်းဖြစ်သည်။

Most Read

Most Recent