တစ်ဆင့်ချင်းစီ အကောင်းဆုံးကျော်ဖြတ်သွားမည်ဟု ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ် ပြောကြား

တစ်ဆင့်ချင်းစီ အကောင်းဆုံးကျော်ဖြတ်သွားမည်ဟု ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ် ပြောကြား
Published 30 June 2018

Photo: Getty Images

ဘယ်လ်ဂျီယံအသင်း နည်းပြ မာတီနက်ဇ်က ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် တစ်ဆင့်ချင်းစီ အကောင်းဆုံးကျော်ဖြတ်သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဘယ်လ်ဂျီယံအသင်းသည် အင်္ဂလန်အသင်းအား (၁-ဝ)ဂိုးဖြင့် အနိုင်ရပြီးနောက် အုပ်စု (G)တွင် ပထမနေရာရရှိခဲ့ပြီး ရှုံးထွက် (၁၆)သင်းအဆင့်တွင် ဂျပန်အသင်းနှင့် ကစားရမည် ဖြစ်သည်။

ဘယ်လ်ဂျီယံအသင်းအနေဖြင့် ရှုံးထွက် (၁၆)သင်းအဆင့်တွင် ဂျပန်အသင်းကို အနိုင်ကစားနိုင်ခဲ့ပါက ကွာတားဖိုင်နယ်တွင် ဘရာဇီးလ်နှင့် တွေ့ဆုံဖွယ်ရှိနေပြီး ဆီမီးဖိုင်နယ်တွင်လည်း ပြင်သစ်၊ ပေါ်တူဂီ၊ အာဂျင်တီးနား အသင်းတို့နှင့် တွေ့ဆုံရဖွယ် ရှိနေသည်။

မာတီနက်ဇ်က "ကျွန်တော်တို့ အသင်းဟာ ဒီထက်ပိုပြီး တိုးတက်လာဖို့ ရှိပါတယ်။ အသင်းသားတွေလည်း ယုံကြည်မှုအပြည့် ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်ဆင့်ချင်းစီ အကောင်းဆုံးကစားသွားမှာပြီး ဘယ်အသင်းကိုမဆို ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာ့ဖလားလမ်းကြောင်းကို ကြည့်နေတာ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ ရင်ဆိုင်ရမှာက ဂျပန်အသင်းပဲ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

မာတီနက်ဇ်သည် အုပ်စုပွဲစဉ်များတွင် ဘယ်လ်ဂျီယံကစားသမား (၂၁)ဦးအထိ အသုံးပြုခဲ့ပြီး အုပ်စုပွဲစဉ်များတွင် သွင်းဂိုး (၉)ဂိုးဖြင့် ဂိုးသွင်းအများဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။

Most Read

Most Recent