အုပ်စုပထမနေရာကို ကံကောင်း၍ရခဲ့ခြင်းဖြစ်သည်ဟု စပိန်နည်းပြ ဟီယာရို ဝန်ခံ

အုပ်စုပထမနေရာကို ကံကောင်း၍ရခဲ့ခြင်းဖြစ်သည်ဟု စပိန်နည်းပြ ဟီယာရို ဝန်ခံ
Published 27 June 2018

 

Photo: AFP

စပိန်အသင်းနည်းပြ ဖာနန်ဒိုဟီယာရို က အုပ်စု (B)တွင် ၎င်း၏အသင်း ပထမနေရာရခဲ့ခြင်းမှာ အလွန်ကံကောင်းခဲ့သည်ဟု မော်ရိုကိုနှင့်ပွဲအပြီးတွင် ဝန်ခံသွားခဲ့သည်။ ဇွန် ၂၅ ရက်က ကစားခဲ့သည့် အုပ်စု (B)၏ နောက်ဆုံးပွဲ နှစ်ပွဲစလုံး သရေရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့ပြီး စပိန်-မော်ရိုကိုပွဲမှာ (၂-၂) ဂိုး၊ အီရန်-ပေါ်တူဂီပွဲမှာ (၁-၁)ဂိုးစီဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။

စပိန်အသင်းမှာ မော်ရိုကိုအသင်း၏ နှစ်ကြိမ်တိုင် ဦးဆောင်ခြင်းခံခဲ့ရပြီး အစ္စကို က (၁၉) မိနစ်၊ အက်စ်ပတ်စ်က (၉၁) မိနစ်တွင် ချေပဂိုးများ လိုက်သွင်းခဲ့ရခြင်းဖြစ်သည်။ " မော်ရိုကိုဟာ ထူးခြားပြောင်မြောက်တဲ့အ သင်းတစ်သင်းပါ။ ပြီးခဲ့တဲ့နှစ်ပွဲစလုံး (ဝ-၁) ရလဒ်နဲ့သာ အရေးနိမ့်ခဲ့ပြီး သူတို့ဟာ အခုအဆင့်ထက် ပိုပြီးထိုက်တန်ပါတယ်။ ဒီအုပ်စု ဟာ ကျွန်တော်တို့အတွက် အလွန်ခက်ခဲခဲ့ပါတယ်။ ကျဉ်းထဲကျပ်ထဲကနေ အုပ်စုပထမရခဲ့ပေမယ့် ကျွန်တော် အကောင်းဘက်ကပဲ ရှုမြင်ပါတယ်" ဟု ဟီယာရိုက ပြောကြားခဲ့သည်။

စပိန်အသင်းအနေဖြင့် ယှဉ်ပြိုင်ခွင့်ရသည့် ကမ္ဘာ့ဖလားရှစ်ကြိမ်ဆက် နိုင်ပွဲရရှိခဲ့ခြင်း လည်းဖြစ်သည်။

Most Read

Most Recent