ဟာရီကိန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ဟာရီကိန်းနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 26 June 2018

Photo:AFP

အင်္ဂလန်အသင်းတိုက်စစ်မှူး ဟာရီကိန်းသည် အင်္ဂလန်အသင်းနှင့် ပနားမားတို့ပွဲစဉ်တွင် (၃)ဂိုးသွင်းယူခဲ့ပြီးနောက် စုစုပေါင်း (၅)ဂိုးဖြင့် ဂိုးသွင်းဘုရင်စာရင်းတွင် ထိပ်ဆုံး၌ဦးဆောင်လျက်ရှိသည်။ ယင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပွဲတွင်းခြေစွမ်း၊ ရွှေ ဖိနပ်ဆု၊ ပယ်နယ်တီဂိုးတို့နှင့်ပတ်သက်သည့် အမေးအဖြေများကို ပြန်လည်ဖော်ပြလိုက်ပါသည် . . .

ရွှေဖိနပ်ဆုအပေါ် မျှော်လင့်ချက်

ဒီအကြောင်းကိုတော်တော်များများကတော့ ပြောနေကြမှာပါပဲ။ ဒါပေမဲ့ ဒီလိုဖြစ်လာဖို့က အဝေးကြီးလိုနေပါသေး တယ်။ ကျွန်တော်တို့အသင်းမှာ ဂိုးတွေသွင်းဖို့နဲ့ပတ်သက်ပြီး ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ကစားသမားတချို့ ရှိနေလို့ ဒါ အရမ်းကောင်းပါတယ်။ ကျွန်တော့်အတွက်ကတော့ အသင်းအနိုင်ရဖို့အတွက်က အရေးအကြီးဆုံးပါပဲ။ ပြီးတော့ လာမယ့် ကြာသပတေးနေ့မှာ ကျွန်တော်တို့အသင်းအတွက် နောက်ထပ်အရေးကြီးပွဲတစ်ပွဲရှိနေပါတယ်။ ကျွန်တော်ဂိုးသွင်းနိုင်အောင် ကြိုးစားမှာဖြစ်ပြီး အုပ်စုဗိုလ်နေရာကိုလည်း ယူချင်ပါတယ်။ အသင်းကို ဆက်ပြီးကူညီနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ပနားမားနှင့်ပွဲမှ စွမ်းဆောင်ရည်

ကျွန်တော်အရမ်းဂုဏ်ယူပါတယ်။ အသင်းဖော်တစ်ဦးချင်းစီအတွက်လည်း ဂုဏ်ယူပါတယ်။ ကျွန်တော်တို့အသင်း ရဲ့ကစားပုံ၊ စည်းကမ်းပိုင်း၊ လုပ်အားနှုန်းစတဲ့ကဏ္ဍအားလုံးအတွက် ဝမ်းသာပါတယ်။ ဒါကအရေးကြီးပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်နိုင်ခြေရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပုံစံကောင်းနဲ့ပွဲထွက်နိုင်ခဲ့ပြီး တည်ကန်ဘောတွေကို အထူး ဂရုစိုက်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့အောင်မြင်မှုရရှိခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့အရမ်းပျော်ရွှင် နေပြီး နောက်ပွဲအတွက် အာရုံစိုက်ထားပါတယ်။

ကံကောင်းပြီးရခဲ့တဲ့ဂိုးအကြောင်း

တတိယဂိုးက ကျွန်တော့်ဘဝမှာ ကံအကောင်းဆုံးသွင်းဂိုးတစ်ဂိုးပါ။ တိုက်စစ်မှူးတစ်ဦးအနေနဲ့ ပြောရရင်တော့ တစ်ခါတလေ ကံမကောင်းတဲ့အချိန်တွေရှိတတ်ပါတယ်။ တစ်ခါတလေတော့လည်း ကံကောင်းပြီးရခဲ့တဲ့ ဂိုးတွေရှိပါတယ်။ ဒီဂိုးကတော့ ကံအကောင်းဆုံးဂိုးပါ။ ကျွန်တော်ကတော့ လာမယ့်ပွဲတွေမှာလည်း ဒီလိုကံကောင်းမှုတွေ ဆက်လက်ဖြစ်လာ ပါစေလို့ မျှော်လင့်နေပါတယ်။

ပနားမားရဲ့ကြမ်းတမ်းတဲ့ကစားပုံ

ဒီပွဲက ကြမ်းနိုင်တယ်ဆိုတာ ကျွန်တော်တို့ ကြိုစဉ်းစားထားပြီးသားပါ။ ကျွန်တော်တို့ကို ရပ်တန့်ဖို့ သူတို့ဘာမဆိုလုပ် မှာပါပဲ။ နောက်ဆုံးတော့ ထိုက်တန်တဲ့အောင်မြင်မှုကို ကျွန်တော်တို့ရခဲ့ပါတယ်။

နောက်ဆုံးပွဲမှာ ကစားမှာလား၊ အနားယူမလား

မန်နေဂျာရဲ့ဆုံးဖြတ်ချက်ပါပဲ။ ကျွန်တော့်သဘောဆိုရင်တော့ ဆက်ကစားချင်ပါတယ်။ ပုံစံကောင်းရနေတဲ့အရှိန်ကို ဆက်ထိန်းထားချင်ပါတယ်။

Most Read

Most Recent