၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်(၂)ပွဲအပြီး ကာကွယ်မှု အများဆုံးအဖြစ် မက္ကဆီကိုဂိုးသမား အိုချူအာ ရပ်တည်

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်(၂)ပွဲအပြီး ကာကွယ်မှု အများဆုံးအဖြစ် မက္ကဆီကိုဂိုးသမား အိုချူအာ ရပ်တည်
Published 26 June 2018

Photos:AFP

ရုရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၁၈ ကမ္ဘာ့  ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်(၂)ပွဲအပြီးတွင် မက္ကဆီကိုအသင်း ဂိုးသမား အိုချူအာသည် ဂိုးပေါက်ကာကွယ်မှုအများဆုံး ဂိုးသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။

မက္ကဆီကိုအသင်းဂိုးသမား အိုချူအာသည် ဂျာမနီ၊ တောင်ကိုရီးယားအသင်းတို့နှင့် ကစားခဲ့သည့် အုပ်စုပွဲစဉ် (၂)ပွဲတွင် ဂိုးပေါက်ကာကွယ်မှု (၁၄)ကြိမ်အထိ ပြုလုပ် နိုင်ခဲ့ပြီး ရာခိုင်နှုန်းဖြင့် တွက်မည်ဆိုပါက (၉၃.၃)ရာခိုင်နှုန်း အထိ အောင်မြင်ခဲ့သည်။

၎င်းနောက်တွင် ရှမိုက်ကယ်(ဒိန်းမတ်)၊ နာဗတ်စ်(ကော်စတာရီကာ)၊ ရိုင်ယန်(သြစတြေးလျ) နှင့် ဟယ်ဒေါ်ဆန်(အိုက်စလန်)တို့က အစဉ်လိုက် ရပ်တည်နေသည်။

ပိုလန်ဂိုးသမား ဆဇက်စနီမှာ ကာကွယ်မှု (၁)ကြိမ်သာ ပြုလုပ်ထားပြီး ဂိုးပေါက်ကာကွယ်မှု (၁၆.၇) ရာခိုင်နှုန်းဖြင့် အောက်ဆုံးတွင် ရပ်တည်နေသည်။

ဂိုးပေါက်ကာကွယ်မှုအများဆုံးဂိုးသမားများ

အမည် ကာကွယ်မှု အောင်မြင်မှု

အိုချူအာ (မက္ကဆီကို) ၁၄ ၉၃.၃%

ရှမိုက်ကယ် (ဒိန်းမတ်) ၁၀ ၉၀.၉%

နာဗတ်စ် (ကော်စတာရီကာ) ၁၀ ၇၅%

ရိုင်ယန် (သြစတြေးလျ) ၉ ၇၅%

ဟယ်ဒေါ်ဆန် (အိုက်စလန်) ၉ ၇၅%

မူစတာဖာ (တူနီးရှား) ၉ ၆၀%

နော်ယာ (ဂျာမနီ) ၈ ၈၀%

ကာဝါရှီးမား (ဂျပန်) ၇ ၇၀%

မူဆလီရာ (ဥရုဂွေး) ၆ ၁၀၀%

စတိုကိုဗစ် (ဆားဘီးယား) ၆ ၇၅%

အော့စ်ပင်နာ (ကိုလံဘီယာ) ၆ ၇၅%

ပတ်ထရီစီယို (ပေါ်တူဂီ) ၆ ၆၆.၇%

Most Read

Most Recent