အဝါကတ်ထိထားသူများကို ခရိုအေးရှားနည်းပြ အနားပေးရန် စီစဉ်

အဝါကတ်ထိထားသူများကို ခရိုအေးရှားနည်းပြ အနားပေးရန် စီစဉ်
Published 25 June 2018

Photo:AFP

ခရိုအေးရှားနည်းပြ ဒါလစ်သည် အိုက်စလန်နှင့် အုပ်စု နောက်ဆုံးပွဲစဉ်တွင် အဝါကတ်ထိထားသည့်ကစားသမား များကို အနားပေးရန် စီစဉ်နေကြောင်း သိရှိရသည်။

ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် အဝါကတ် (၂) ကြိမ်ထိခဲ့ပါက တစ်ပွဲပယ် ခံရမည်ဖြစ်သည့်အတွက် ဒါလစ်က ယခုကဲ့သို့ စီစဉ်ခြင်း ဖြစ်သည်။

''အဝါကတ်ထိထားတဲ့သူတွေကို စွန့်စားပြီး မသုံး ချင်ပါဘူး။ ဒါကြောင့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ လုပ်သွားမှာပါ''ဟု ဒါလစ်က ပြောကြားခဲ့သည်။

ခရိုအေးရှားအသင်းတွင် အဝါကတ်ထိထားသူ (၆) ဦးရှိနေသည်။

ယင်းစာရင်းတွင် နောက်ခံလူ ဗာဆယ်လ်ကိုနှင့် ကော်လူကာ၊ ကွင်းလယ်လူ ရာကီတစ်နှင့် ဘရိုဇိုဗစ်၊ တိုက်စစ်ကစားသမားများဖြစ်သည့် မန်ဇူကစ်နှင့် ရယ်ဘစ်တို့ ပါဝင်လျက်ရှိသည်။

နိုင်ဂျီးရီးယားအသင်းခေါင်းဆောင် မီခေးလ်ကမူ ခရိုအေးရှားကစားသမားအချို့ အနားပေးမည့်အစီအစဉ်ကို အစောပိုင်းကတည်းက ဝေဖန်ထားခဲ့သည်။

'' ကမ္ဘာ့ဖလားမှာ ကြီးကျယ်ခမ်းနားတဲ့ပြိုင်ပွဲပါ။ တခြားအသင်းတွေ အခွင့်အရေးရအောင် ကူညီဖို့ ကစားသမားတွေကို အနားမပေးသင့်ပါဘူး။ ခရိုအေးရှားအသင်း ဒီလိုလုပ်မယ်ဆိုရင် မှန်ကန်တဲ့အရာတော့ မထင်ပါဘူး။ သူတို့ဟာ ပရော်ဖက်ရှင်နယ်ဆန်ဆန်ပဲ သွားသင့်ပြီး အကောင်းဆုံးအသင်းနဲ့ပဲ ကစားသင့်ပါတယ်''ဟု မီခေးလ်က ပြောကြားခဲ့သည်။

မီခေးလ်သည် လက်ရှိတွင် လက်ဖဝါးရိုးကျိုးဒဏ်ရာ ရရှိနေသော်လည်း အာဂျင်တီးနားနှင့်ပွဲတွင် လက်ကာဝတ်ဆင်ပြီး ကစားမည်ဖြစ်ကြောင်း

အုပ်စု(D)၏နောက်ဆုံးပွဲစဉ်များကို မြန်မာစံတော်ချိန် ဇွန် (၂၇)ရက် နံနက်(၀၀း၃၀)နာရီတွင် ကစားမည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent