ကိုလံဘီယာနှင့်ပွဲတွင် ဂျပန်ပရိသတ်များ ကွင်းကို သန့်ရှင်းရေး ပြုလုပ်ပေးခဲ့

ကိုလံဘီယာနှင့်ပွဲတွင် ဂျပန်ပရိသတ်များ ကွင်းကို သန့်ရှင်းရေး ပြုလုပ်ပေးခဲ့
Published 21 June 2018

 

 

Photos: SB Nation

 

ကိုလံဘီယာကို (၂-၁)ဂိုးဖြင့် အနိုင်ရသည့် ပွဲစဉ်အပြီးတွင် ဂျပန်အသင်းပရိသတ်များသည် ကွင်းအတွင်း သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မော်ဒိုဗီယာ ကွင်းတွင် ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် ဂျပန်အသင်းသည် ကိုလံဘီယာအသင်းကို ကာဂါဝါ၊ အိုဆာကိုတို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် တောင်အမေရိကအသင်းတစ်သင်းကို ပထမဆုံးအကြိမ် အနိုင်ရခြင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

သို့သော်လည်း ဂျပန်အသင်းပရိသတ်များသည် ပွဲစဉ်အပြီးတွင် အလွန်အကျွံအောင်ပွဲခံခြင်း မရှိခဲ့ဘဲ ကွင်းအတွင်း အမှိုက်များကို ကောက်ခဲ့ခြင်းဖြစ်သည်။

ဂျပန်အသင်းပရိသတ်များသည် ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိုင်ဗရီကို့စ်နှင့်ပွဲ၌ အသင်းရှုံးနိမ့်သော်လည်း သန့်ရှင်းပေးပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။ ဂျပန်အသင်းသည်  ကိုလံဘီယာအသင်းကို အနိုင်ရခဲ့ခြင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် တောင်အမေရိက အသင်းများနှင့် (၁၉)ကြိမ်တွေ့ဆုံရာတွင် ပထမဆုံးအကြိမ် အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။

Most Read

Most Recent