ကမ္ဘာ့ဖလားပြိုင်ပွဲအား တင်ဆက်နေသည့် အမျိုးသမီးသတင်းထောက် အနမ်းခံရ

ကမ္ဘာ့ဖလားပြိုင်ပွဲအား တင်ဆက်နေသည့် အမျိုးသမီးသတင်းထောက် အနမ်းခံရ
Published 21 June 2018

 

Photos: Instagram

 

 

ဂျာမန်ရုပ်သံလိုင်း Deutsche Welle တွင် ရုပ်သံတင်ဆက်သူအဖြစ် လုပ်ကိုင်နေသည့် ကိုလံဘီယာ အမျိုးသမီးထောက်သတင်းထောက် ဂျူလီဂွန်ဇာလက်ဇ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲအား Live တင်ဆက်နေစဉ် အ မျိုးသားပရိသတ်တစ်ဦး၏ နမ်းခြင်း နှင့် ရင်သားအား ဖျစ်ညှစ်ခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်။

ဂွန်ဇာလက်ဇ်သည် ရုရှားနိုင်ငံ၊ ဆာရန့်ခ်မြို့တွင် ကမ္ဘာ့ဖလားပြိုင်ပွဲအား ဆင်နွဲှနေကြသည့် ပရိသတ်များကို အင်တာဗျူးများ ပြုလုပ်ကာ ရုပ်သံတွင် တိုက်ရိုက်တင်နေစဉ် အမျိုးသားတစ်ဦး ရောက်လာခဲ့ပြီး သူမ၏ရင်သားကို ဖျစ်ညှပ်ကာ ပါးကို နမ်းရှိုက်ခဲ့ခြင်း ဖြစ်သည်။

လုံးဝထင်မှတ်ထားခြင်း မရှိသည့်အတွက် ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း ဂွန်ဇာလက်ဇ်က ပြောကြားခဲ့သည်။ "ကျွန်မ အဲဒီမှာ Live ထုတ်လွှင့်ဖို့ (၂)နာရီနီးပါး ပြင်ဆင်နေစဉ်အတွင်း ဘာမှ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ Live ထုတ်လွှင့်နေတုန်းမှာ အဲဒီလူက အခွင့်အရေး ယူသွားတာပါ။ သူ ကျွန်မဆီကိုလာတယ်။ ကျွန်မကို နမ်းတယ်။ ရင်သားကိုလည်း ညှစ်သွားတယ်။ ကျွန်မ အလုပ်ဆက်လုပ်တယ်။ ပြီးတော့မှ အဲဒီလူကို ရှာ ကြည့်တော့ သူမရှိတော့ဘူး။ ထွက်သွားပြီ။ ကျွန်မတို့ ဒီလိုမျိုးဆက်ဆံမခံရသင့်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။ ဂွန်ဇာလက်ဇ်ကို နမ်းသွားခဲ့သည့် အမျိုးသားမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း သိရသည်။

Most Read

Most Recent