ကွန်ပနီ အသင်းလူစာရင်းတွင် ဆက်ရှိနေမည်

ကွန်ပနီ အသင်းလူစာရင်းတွင် ဆက်ရှိနေမည်
Published 18 June 2018

ကွန်ပနီ(ဝဲအစွန်) Photo:AFP

ဘယ်လ်ဂျီယံအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ဝါရင့်နောက်ခံလူ ကွန်ပနီမှာ အသင်းလူစာရင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြီးခဲ့သည့်တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံအသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲစဉ်မကစားမီ (၂၄)နာရီအလိုအထိ ကစားသမားလဲလှယ်ခွင့်ရှိသော်လည်း မာတီနက်ဇ်က ကွန်ပနီကို ဆက်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ကွန်ပနီမှာ အင်္ဂလန်နှင့်ကစားမည့် အုပ်စုနောက်ဆုံးပွဲအမီ ပြန်လည်ကစားနိုင်ရန် မသေချာကြောင်းလည်း မာတီနက်ဇ်က မှတ်ချက်ပြုခဲ့သည်။

ဘယ်လ်ဂျီယံအသင်း၏ နောက်ခံလူတစ်ဦးဖြစ်သည့် ဗာမယ်လန်းမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် ယနေ့တွင်ကစားမည့် ပနားမားအသင်းနှင့်ကစားမည့်ပွဲကို လွဲချော်မည်ဖြစ်သည်။

 

Most Read

Most Recent